ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ကျေးရွာ(၆)ရွာအား အမှိုက်ကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်မည်ဖြစ်ရာ ယခုအခါတီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာတွင်အမှိုက်စွန့်ပစ် စနစ်တကျဖြစ်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်းလမ်းဇန်ကျေးရွာ အမှိုက်စွန့်ပစ်စနစ်ကိုကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့် လူငယ်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်မှုများကိုတီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ကျိန်ရှန်းနဲမ်းနှင့် တာဝန်ရှိသူများမှဒီဇင်ဘာကွင်းဆင်းကြည့်ရှုကြပြီး ကိုယ့်အားကိုယ်ကိုး အမှိုက်စွန့်ပစ်မှုဆောင်ရွက်ကြကာအမှိုက်ပုံးထားရှိခြင်း၊ အမှိုက်ကျင်းတူးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေးပိုစတာ ကပ်ထားခြင်းများကိုပါ ဆောင်ရွက်ကြသည်။
တီးတိန်မြို့နယ်ရှိ ကျေးရွာတစ်ချို့မှာ တောင်ပေါ်ဒေသဖြစ်၍ သန်ရှင်းသာယာလှပသည့်နေရာများတွင် တည်ရှိပြီးအဆင့်မြင့်နေအိမ်အဆောက်အဦးများဖြင့် နေထိုင်သူများရှိရာ ယခုအခါကျေးရွာများ အမှိုက်ကင်းစင်ရေးကိုပါသက်ဆိုင်ရာဌာနများမှ စနစ်တကျလမ်းñွှန်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

















