မင်းဘူးခရိုင်အတွင်း ၂ဝ၂ဝ-၂ဝ၂၁ နှစ်ဘဏ္ဍာနှစ်၌ (ပြည်ထောင်စု+တိုင်းဒေသကြီးအစိုးရ) ရန်ပုံငွေကျပ်သန်း ၃၂ဝ ကျော် အသုံးပြုကာသောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးထံက သိရသည်။
''မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များတွင်၂ဝ၂ဝ--၂ဝ၂၁ ဘဏ္ဍာနှစ်၊ နွေရာသီကာလ သောက်သုံးရေခက်ခဲရှားပါးနေတဲ့ ကျေးရွာများတွင်သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်မှာ ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးမြို့နယ်တွင် အဝီစိတွင်းနက်တစ်တွင်းအား ရန်ပုံငွေ ၂၂ ဒသမ ၄ သန်းကျပ်၊ စလင်းမြို့နယ်တွင် အဝီစိတွင်းနက် လေးတွင်းအား ရန်ပုံငွေ ၉၇ ဒသမ ၈ သန်းကျပ်၊ ငဖဲမြို့နယ်တွင် ရေရရှိရေးအခြားလုပ်ငန်းနှစ်ခုအား ရန်ပုံငွေ ၁၇ ဒသမ ၅ သန်းကျပ်၊စေတုတ္တရာမြို့နယ်မှာ စိမ့်စမ်းတွင်းနှစ်တွင်းအားရန်ပုံငွေ ၅၁ သန်းကျပ်နှင့်အခြားရေရရှိရေးလုပ်ငန်း နှစ်ခုအတွက်ရန်ပုံငွေ ၁၉ ဒသမ ၈ သန်းကျပ်၊ စုစုပေါင်း ရန်ပုံငွေ ၂ဝ၈ ဒသမ ၅ သန်းကျပ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးက ပြောသည်။
ထို့ပြင်၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း စေတုတ္တရာမြို့နယ်အတွင်းပြည်ထောင်စုမွန်းမံရန်ပုံငွေ ၁၃ ဒသမ ၃ သန်းဖြင့် ရေရရှိရေးအခြားလုပ်ငန်းတစ်ခု၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ /UNICEFရန်ပုံငွေ ၈ ဒသမ ၈၁ သန်းကျပ်ဖြင့် စိမ့်စမ်းတွင်းတစ်တွင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ငဖဲမြို့နယ်တွင် ရေရရှိရေးအခြားလုပ်ငန်းတစ်ခုအား ရန်ပုံငွေ ၈ ဒသမ ၄ သန်းကျပ်၊ စေတုတ္တရာမြို့နယ်တွင်ရေရရှိရေး အခြားလုပ်ငန်းနှစ်ခုအားရန်ပုံငွေ ၁၁ ဒသမ ၅ သန်းကျပ်တို့ဖြင့်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။















