TNLA နှင့် RCSS တို့၏ ထိတွေ့တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူတချို့ ကျောက်မဲမြို့သို့ရောက်ရှိလာ

TNLA နှင့် RCSS တို့၏ ထိတွေ့တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူတချို့ ကျောက်မဲမြို့သို့ရောက်ရှိလာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအနီးတွင် TNLA အဖွဲ့နှင့် RCSS အဖွဲ့တို့ ထိတွေ့တိုက်ပွဲများကြောင့်စစ်ရှောင်ပြည်သူတချို့ ကျောက်မဲမြို့သို့ ဒီဇင်ဘာလ ၂၇ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအနီးတွင် TNLA အဖွဲ့နှင့် RCSS အဖွဲ့တို့ လွန်ခဲ့သောနှစ်ရက်ခန့်ကစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါထိတွေ့တိုက်ပွဲများကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့လယ်ပိုင်းတွင် လွယ်အံကျေးရွာမှကျေးရွာသူ/သားများက ကျောက်မဲမြို့သို့ စစ်ဘေးရှောင်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်ရွာသူရွာသားများကို ကျောက်မဲမြို့စစ်ဘေးရှောင်ကော်မတီမှ ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာ ဝါဆိုဘုန်းတော်ကြီးကျောင်းတွင် နေရာချပေးလျက်ရှိကြောင်းသိရသည်။စစ်ဘေးရှောင်ပြည်သူများအားစစ်ဘေးရှောင်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆန်နှင့်စားသောက်စရာများအား စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးကျောက်မဲမြို့ ကြက်ခြေနီတပ်ဖွဲ့မှလည်း အနွေးစောင်များကိုလာရောက်လှူဒါန်းခဲ့ကြသည်။

ကျောက်မဲမြို့မှ ပရဟိတအဖွဲ့များကလည်း စစ်ဘေးရှောင်ရွာသူရွာသားများအား လိုအပ်သည့်ကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိသည်။ယခုအခါ စစ်ဘေးရှောင်လာသည့်ရွာသူရွာသားစုစုပေါင်း ၅ဝ ကျော်ခန့်ရှိပြီး ထပ်မံတိမ်းရှောင်လာမည့်စစ်ဘေးရှောင်ရွာသူရွာသားများလည်းကျန်ရှိနေသေးကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး