လုပ်သက် ၁ဝ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ်များ အထက်တန်းပြလစာ ခံစားခွင့်ရတော့မည်

လုပ်သက် ၁ဝ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ်များ အထက်တန်းပြလစာ ခံစားခွင့်ရတော့မည်

အခြေခံပညာဦးစီးဌာန ဖွဲ့စည်းပုံအသစ်အရ လုပ်သက် ၁ဝ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ်များ အထက်တန်းပြလစာခံစားခွင့်ကို ၂ဝ၂၁ ခုနှစ်ဇန်နဝါရီတွင် စတင်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဝင်းက ပြောသည်။

''လုပ်သက် ၁ဝ နှစ်အထက် မူလတန်းကျောင်းအုပ်တွေကို အထက်တန်းပြလစာ ခံစားခွင့်ပေးတဲ့အကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့က ညွှန်ကြားချက်ရရှိပါတယ်။၂ဝ၂၁ ခုနှစ် ဇန်နဝါရီလက စပြီးခံစားခွင့်ရကြမှပါ။ဖွဲ့စည်းပုံအသစ်အရ အပြောင်းအလဲတွေရှိလာတယ်'' ဟု ၎င်းကပြောသည်။မန္တလေးတိုင်းဒေသကြီးတွင်း လုပ်သက် ၁ဝ နှစ်နှင့်အထက်ရှိ၍အထက်တန်းပြလစာခံစားခွင့်ရှိသော မူလတန်းကျောင်းအုပ်ရာထူးဖြင့် ၈၉ ဦးရှိပြီး ၎င်းတို့အတွက် ခံစားခွင့်ရရှိနိုင်ရေးဆောင်ရွက်နေကြောင်းဖွဲ့စည်းပုံအသစ်တွင် ၎င်းတို့သည် မူလတန်းကျောင်းအုပ်ဟုဆိုသော်လည်းလစာအရ အထက်တန်းပြလစာငွေ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

''မူလတန်းကျောင်းအုပ်တွေက သင်ကြားရေး မပြည်စုံတဲ့ကျောင်းတွေမှာတန်းလုံးပြတ်စာသင်ရတယ်။ ကျောင်းဖွံ့ဖြိုးရေး၊ ဆရာဆရာမတွေ၊ နေထိုင်ရေး၊ ကျောင်းသားတွေပညာရေးနဲ့ လိုအပ်ရင် ရုံးလုပ်ငန်းတွေလုပ်ရတယ်။အလယ်တန်း/အထက်တန်းပြက သင်ကြာရေးတာဝန်တစ်ခုပဲရှိတယ်''ဟု ပညာရေးဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး