BGF ဝတ်စုံနှင့်လက်နက်များကိုင်ဆောင်သူ ၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိ

BGF ဝတ်စုံနှင့်လက်နက်များကိုင်ဆောင်သူ ၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိ

မုဒုံမြို့နယ်တွင် BGF ဝတ်စုံနှင့်လက်နက်များကိုင်ဆောင်သူ ၇ ဦးကို သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာအနီးရှိ အပါးချမ်း ဆီဆိုင်အနီးတွင် မုဒုံမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးအောင်မျိုးထွန်းဦးစီး၍ မွန်ပြည်နယ် မှုခင်း အကူဌာနစုက ရဲအုပ်ဇော်ထိုက်၊ ရဲအုပ်နိုင်လင်းအောင် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သံဖြူဇရပ်ဘက်မှ မော်လမြိုင်ဘက်သို့မောင်းနှင်လာသည့် ၁၀၂၃ တပ်ခွဲ ၃ နံပါတ်ပြားတပ်ဆင်ထားသည့် Conorado အမျိုးစားယာဉ်နှင့်probox ကားကိုတား စီးစစ်ဆေးခဲ့သည်။

အဆိုပါယာဉ် ၂ စီးပေါ်တွင် ကျော်ဗိုလ်ဗိုလ်၊ချမ်းမွန် ၊ကျော်မြင့်အောင်( ခ)အရှည်ကြီး၊စန္ဒာမော်၊ မဝါ၊ မညိုနဲ့ ဒေါ်လေးကြည်တို့ပါ ၇ ဦးတို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၁၀၂၆၀၀ ပြား ကာလတန်ဖိုး သိန်းပေါင်းငါးထောင်ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF အမှတ်တံဆိပ်ပါ ယူနီဖောင်း တစ်ထည်၊ USA နိုင်ငံထုတ် ပစ္စတို တစ်လက်၊ ထိုင်ဝမ်နိုင်ငံထုတ် 9mm ပစ္စတိုတစ်လက်၊ MK အမျိုးစား သေနတ် တစ်လက်အပါဝင် အသုံးပြုသည့်ကျည်ဆံများကိုသိမ်းဆည်းရမိခဲ့သည်။

မုဒုံမြို့မရဲစခန်း မယ(ပ)၉၇/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားပြီး ၎င်းတို့နှင့်အတူဖမ်းဆီးရမိသည့်BGF တံဆိပ်ပါ အသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။