Online မှတဆင့် အစားအသောက်နှင့် အိမ်သုံးပစ္စည်းများ ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Hi-So (ယခင် Hi-So Mall) မှ ပြည်သူချစ် နာမည်ကြီးအနုပညာရှင် တစ်ဦးဖြစ်သော Morisaki Win အား brand ambassador အနေဖြင့် လက်တွဲသွားမည်ဖြစ်သည်။ Hi-So အား ယခုထက် ပိုမိုလူသိများလာစေရန် ရည်ရွယ်ပြီး မျိုးစုံသော promotion အစီအစဥ်များ၊ ကြော်ငြာများကိုလည်း Morisaki Win နှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ကြော်ငြာအတွက်လိုအပ်သော ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးစဥ်အခါတွင်လည်း Morisaki Win က Hi-So ကိုအသုံးပြုနေသော user အနေဖြင့်လည်းကောင်း၊ Hi-So ၏ delivery ဝန်ထမ်းအသွင်ဖြင့်လည်းကောင်း အဝတ်အစားများဝတ်ဆင်ကာ ပျော်ရွှင်စွာ ရိုက်ကူးခဲ့ပါသည်။ Morisaki Win ကိုယ်တိုင်လည်း Covid-19 ရောဂါကာလအတွင်း၌ အများပြည်သူအဆင်ပြေစေရန် လိုက်လံပို့ဆောင်ပေးနေသော Hi-So delivery ဝန်ထမ်း ဝတ်စုံကို ဝတ်ဆင်ရိုက်ကူးခဲ့ရခြင်းအပေါ် ဂုဏ်ယူရကြောင်း ပြောကြားခဲ့ပါသည်။ Morisaki Win သည် ကြင်နာတတ်ပြီး ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်စရာများယူဆောင်လာပေးနိုင်သော အနုပညာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ Hi-So အနေဖြင့်လည်း လူတိုင်းကို နေ့စဥ်ပျော်ရွှင်စရာများကိုသာ မျှဝေပေးချင်သည်ဖြစ်၍ ယခုကဲ့ လက်တွဲလုပ်ဆောင်ပြီး အားလုံးအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ပါသည်။
Hi-So စတင်သုံးစွဲမည့်သူများအတွက် Promotion
Brand Ambassador ကိုကြေညာခြင်းနှင့်အတူ Hi-So မှ application စတင်သုံးစွဲမည့် သူများအတွက် promotion စီစဥ်ထားပါသည်။ ထို အစီအစဥ်မှာ Hi-So ကို အခုမှစတင်သုံးစွဲမည့်သူများအနေဖြင့် HISOFIRST ဟူသော promo code ကို အသုံးပြုရုံဖြင့် ပထမဆုံးမှာယူသော အော်ဒါတိုင်းအတွက် ၅၀% လျော့စျေး ( အများဆုံးလျော့စျေး ၃၀၀၀ ကျပ်အထိ ) ရရှိသွားမှာဖြစ်ပါသည်။ ဆိုင်ပေါင်း ၁၀၀၀ ကျော် ဖြင့် ချိတ်ဆက်ထားပြီး တိကျမြန်ဆန်သည့် ပို့ဆောင်မှုများနှင့်ဝန်ဆောင်မှုပေးနေခြင်းကြောင့် သုံးစွဲသူ များအတွက်လည်း အဆင်ပြေလွယ်ကူစေပါသည်။ ၂၀၂၁ တစ်နှစ်လုံးအတွင်း Hi-So မှ ပရိုမိုးရှင်း အမျိုးအစားပေါင်းများစွာကို ပြုလုပ်ပေးရန်စီစဥ်ထားပါသည်။
“Covid- 19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံမှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး အိမ်ထဲမှာသာ နေထိုင်ဖို့ သင့်တော်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီ အခြေအနေမျိုးမှာ ကျွန်တော်တို့ Hi-So အနေနဲ့ အစားအစာနဲ့အိမ်သုံးပစ္စည်းများ လိုက်လံပို့ဆောင်ရေး ဝန်ဆောင်မှုကို အဓိကဆောင်ရွက်ပေးနေပါတယ်။ ပြည်သူတွေ Covid – 19 ဒဏ်ခံစားနေရမှု လျော့ချနိုင်ရန်အတွက် ကျွန်တော်တို့ဟာ အခမဲ့ပို့ဆောင်မှုတွေကို ပြုလုပ်ပေးပြီး ဆိုင်တွေအတွက်လည်း စီးပွားရေးအထောက်အကူပြုစေရန် လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ အခုအချိန်ထိ Covid – 19 ရောဂါကင်းစင်နိုင်မယ့် အချိန်ကာလကို အတိအကျမသိရသေးပေမယ့် ကျွန်တော်တို့ Hi-So အနေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးသွားမှာဖြစ်တာကြောင့် လူတွေအနေနဲ့လည်း များစွာ အဆင်ပြေစေနိုင်ဖို့ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ Hi-So ဟာ Morisaki Win နဲ့အတူ လက်တွဲပြီး သုံးစွဲသူတွေစိတ်တိုင်းကျပျော်ရွှင်စေရန် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Hi-So တည်ထောင်သူ (CEO) Kenta Takada ကပြောကြားသည်။
Hi-So သည် ရန်ကုန်ရှိ စားသောက်ဆိုင်ကြီးများမှ အစားအစာများ၊ အိမ်သုံးပစ္စည်းများကို နေ့စဥ်နှင့်အမျှ အချိန်နှင့်တပြေးညီပို့ဆောင်ပေးသော လုပ်ငန်းဖြစ်သည်။ အသုံးပြုသူများအနေဖြင့် application ( iOS / Android ) ၊ website ၊ Facebook တို့မှတဆင့် နှစ်သက်ရာြဖင့် မှာယူနိုင်ပါသည်။ ယခင် Hi-So သည် ၂၀၁၈ ဒီဇင်ဘာ တွင် စက်ဘီးဖြင့် ပစ္စည်းပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို ပြုလုပ်ခဲ့သော်လည်း ၂၀၁၉ အောက်တိုဘာ မှစ၍ အစားအစာများပါမှာယူနိုင်ရန် ဆိုင်များနှင့် ချိတ်ဆက်၍ ကုန်ပစ္စည်းဝယ်ယူမှုစနစ်ကို ပြုလုပ်ခဲ့သည်။ အစားစာများနှင့် အွန်လိုင်းဝန်ဆောင်မှု စတင်ပြုလုပ်ခဲ့သည့် အချိန်မှစ၍ လစဥ် ရောင်းအားတိုးမြင့်ခဲ့ပြီး လက်ရှိတွင် ပါတနာဆိုင်ပေါင်း ၁၂၀၀ ကျော်ခန့်ဖြင့်လည်း လက်တွဲလုပ်ကိုင် လျက်ရှိပါသည်။
Hi-So Co., Ltd. ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ "Hi-So" သည် လက်ရှိတွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစားအသောက်နှင့် နေ့စဥ်လူ့သုံးကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေသည့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းအဖြစ် လုပ်ကိုင်နေပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသာ ဝန်ဆောင်မှုပေးနေသော်လည်း နောင်တွင် အခြား မြို့ကြီးများကိုပါ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိပါသည်။
Hi-So ဝန်ဆောင်မှု ကိုအသုံးပြုလိုသူများအနေဖြင့် iOS App (https://apps.apple.com/us/app/hi-so-mall/id1462165545) နှင့် Android App (https://play.google.com/store/apps/details?id=com.hiso.user) တို့တွင် ရယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုသည်များကိုလည်း Hi-So ၏ Facebook Page ဖြစ်သည့် https://www.facebook.com/hiso.team တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



















