ရန်ကုန် ရေပေးဝေရေး စီမံခန့် ခွဲမှုတိုးတက်စေရန် JICA က နည်းပညာကူညီမည်

ရန်ကုန် ရေပေးဝေရေး စီမံခန့် ခွဲမှုတိုးတက်စေရန် JICA က နည်းပညာကူညီမည်

ရန်ကုန်မြို့ ရေပေးဝေရေးဝန်ဆောင်မှုလုပ်ငန်းများ စီမံခန့်ခွဲမှုကောင်းမွန်စေရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ((JICA)က နည်းပညာကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နည်းပညာကူညီဆောင်ရွက်ရေးအတွက် JICA နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(YCDC)တို့သည် Project for Improvement of Water Supply Management of Yangon City Development Committee (YCDC) (Phase 2)အတွက်Record of Discussion (R^D)ကို ယခုလ ၂၃ ရက်ကလက်မှတ်ရေးထိုးခဲ့သည်။

ရေပေးဝေရေးဆိုင်ရာ ပစ္စည်းများ၊ပုဂ္ဂလိကရေပေးဝေမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ရေပေးဝေရေး အဆောက်အအုံများ ထိရောက်စွာလည်ပတ်နိုင်ရန် YCDC ၏ ရေအရင်းအမြစ်နှင့်ရေပေးဝေရေးအာဏာပိုင်အဖွဲ့(WRWSA)ကိုစီးပွားရေး စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရန်၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီးထိခိုက်လွယ်သော ပြည်သူများအတွက်သန့်ရှင်းသည့် ရေကိုအသုံးပြုလာနိုင်ရန်ရည်ရွယ်၍အကူညီပေးခြင်း ဖြစ်ကြောင်း JICAက ထုတ်ပြန်ထားသည်။

JICA ၏ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီစဉ်အဖြစ် အထက်ပါအဆင့် ၂ စီမံကိန်းကို ၂ဝ၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှ ၂ဝ၂၄ ခုနှစ်အထိ သုံးနှစ် တာကာလအတွင်း ဖော်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိတွင်လည်း စီမံကိန်း၏အဆင့် ၁ ပူးပေါင်း ဆောင်ရွက်မှုကို ၂ဝ၁၅ ခုနှစ်မှစတင်၍ ငါးနှစ်စီမံကိန်းအဖြစ်ဆောင်ရွက်လျက်ရှိပြီး ယခုအဆင့် ၂ ကိုဆောင်ရွက်ရန် ထပ်မံလက်မှတ်ရေးထိုးလုပ်ဆောင်ခြင်း ဖြစ်သည်။

နည်းပညာများအဖြစ် ရေအလေအလွင့်စီမံခန့်ခွဲမှု၊ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု(HRD)၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှု ရယူသူများနှင့်ဆက်ဆံရေး စီမံခန့်ခွဲမှု၊ ရေအရည်အသွေး စီမံခန့်ခွဲမှုများကိုလည်း ဂျပန်ကျွမ်းကျင်ပညာရှင်အဖွဲ့က နည်းပညာများ လွှဲပြောင်းပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်