မြဝတီမြို့ရှိ တရုတ်ဘုံကျောင်း မိသားစုဝင်များက အိမ်ထောင်စု ၇ဝဝ အတွက် ဆန်နှင့်ဆီများ လှူဒါန်း

မြဝတီမြို့ရှိ တရုတ်ဘုံကျောင်း မိသားစုဝင်များက အိမ်ထောင်စု ၇ဝဝ အတွက် ဆန်နှင့်ဆီများ လှူဒါန်း

မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ချစ်ကြည်ရေးလမ်းရှိ တရုတ်ဘုံကျောင်းမိသားစုဝင်များက ဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီအချိန်က အိမ်ထောင်စု ၇ဝဝ အတွက် ဆန်နှင့်ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။

''ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလမှာ ပုံမှန်ဝင်ငွေ မရှိကြတဲ့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေလို့ကျွန်တော်တို့ မြဝတီမြို့က တရုတ်ဘုံကျောင်း မိသားစုဝင်တွေ စုပေါင်းပြီးလှူဒါန်းတာ ဖြစ်ပါတယ်။ စုစုပေါင်းအိမ်ထောင်စု ၇ဝဝ အတွက် လှူဒါန်းတာပေါ့။ နောက်ထပ်လည်း လှူဒါန်းပေးသွားဖို့ ရှိပါတယ်''ဟု တရုတ်ဘုံကျောင်းအဖွဲ့ ဥက္ကဌ ဦးကျောင်ဝင်းဟန်က ပြောသည်။

မြဝတီမြို့ရှိ တရုတ်ဘုံကျောင်း မိသားစုဝင်များက အိမ်ထောင်စု ၇ဝဝ အတွက် ဆန်နှင့်ဆီများ လှူဒါန်း COVID-19 အရေးပေါ်ကာလပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၇ဝဝ အား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅ဝဝဝ၊ဆန် ခြောက်ပြည် တစ်အိတ်၊ ဆီ တစ်လီတာ တစ်ဘူး၊ မာမားခေါက်ဆွဲ အထုတ် ၃ဝ ပါ တစ်ဖာတို့အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းသည့် ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် သိန်း ၁၅ဝ ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး