မန္တလေးမြို့ မြတံခွန်အောင်သန်းဆုထီဆိုင်က ဆိုင်ကယ် ကံစမ်းမဲဖွင့်လှစ်ပေး

မန္တလေးမြို့ မြတံခွန်အောင်သန်းဆုထီဆိုင်က ဆိုင်ကယ် ကံစမ်းမဲဖွင့်လှစ်ပေး

မန္တလေးမြို့၊ မြတံခွန်အောင်သန်းဆုထီဆိုင်နှင့် Golden Eagle ထီဆိုင်တို့တွင် (၂၃) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် လာရောက် ထီထိုးသူ မိဘပြည်သူများအားကျေးဇူးတုံ့ပြန်ခြင်းနှင့်အတူ ၂ဝ၂၁ ခုနှစ်အကြိုအဖြစ်မော်တော်ဆိုင်ကယ်အသစ်တစ်စီးနှင့်တီရှပ်အထည် ၅ဝ တို့အား ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ကံစမ်းမဲများဖွင့်လှစ်ပွဲကို ဒီဇင်ဘာ၃၁ရက် ည ၇ နာရီအချိန်က မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ လမ်း ၉ဝနှင့် ၉၁ လမ်းကြားရှိ ပင်ရင်းဆိုင်ကြီး၌ကျင်းပပြုလုပ်ခဲ့သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီပြုလုပ်ခြင်းဖြစ်၍ ထီကောင်တာ တိုင်းတွင် ထီလာရောက်ကံစမ်းသူများအတွက်လက်သန့်ဆေးရည်ထားရှိခြင်း၊ ဝန်ထမ်းများက Social Distancing နှင့်အညီရောင်းချပေးခြင်း၊ Mask များ အခမဲ့ဝေငှပေးခြင်းတို့ကို လုပ်ဆောင်ကြသည်။

အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဌ၊ မန္တလေးတူဒေးမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးဌေးအောင်၊ မြတံခွန်အောင်သန်းဆုထီလုပ်ငန်းရှင် ဦးဝင်းဖေမြင့်၊ ရပ်မိရပ်ဖများ၊ ထီထိုးသူများရှေ့မှောက်တွင် အောင်ဘာလေထီဖွင့်လှစ်သည့်ပုံစံအတိုင်း ကံထူးရှင်များကိုမှန်ကန်စွာရွေးချယ်ရာ CZI အမျိုးအစား ၁၂၅ မော်တော်ဆိုင်ကယ်အသစ်ဆုကို ပြင်ဦးလွင်၊ စစ်တက္ကသိုလ်မှ အိကေခိုင်သန်းက ကံထူးခဲ့သည်။ မြတံခွန်အောင်သန်းဆုနှင့် Golden Eagle ပင်ရင်းထီဆိုင်တို့အနေဖြင့် ထီလုပ်ငန်းရှင်ဖြစ်လိုသူများအတွက် ထီခုံနှင့်ထီဆိုင်းဘုတ်များကို အခမဲ့တပ်ဆင်ပေးခြင်း၊ အစိုးရ အောင်ဘာလေထုတ်ဈေးအတိုင်းရောင်းချပေးခြင်း၊ ရောင်းမကုန်သည့်ထီများအား ပြန်လည် သိမ်းဆည်းပေးခြင်းတို့ဖြင့် ကူညီပေးလျက်ရှိကြောင်းသိရသည်။

ထီလုပ်ငန်းလုပ်ကိုင်လိုပါက ပင်ရင်းထီဆိုင်တည်ရှိရာနှင့် ၃၈ လမ်း၊ တာရိန်လမ်း၊ စိန်ပန်းရပ်၊ မန္တလေးမြို့၊ ဖုန်း ဝ၉၄ဝ၂၆၃၁၃၃၇၊ ဖုန်း ဝ၂၄ဝ၇၃၅၅၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး