COVID-19 ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ဗြိတိန်တွင် မူကြိုကျောင်းများ ပိတ်ပစ်ခဲ့ရ

COVID-19 ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ဗြိတိန်တွင် မူကြိုကျောင်းများ ပိတ်ပစ်ခဲ့ရ

ရုတ်ခြည်းမြင့်တက်လာသော COVID-19 မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ဗြိတိန်နိုင်ငံသည် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မူကြိုကျောင်းများကို ပိတ်ပစ်ခဲ့ပြီး ကပ်ရောဂါစတင်ချိန်တွင် လုပ်ဆောင်ခဲ့ သည့်အတိုင်း အရေးပေါ်ဆေးရုံတည်ဆောက်မှု စီမံချက်များကိုလည်း ပြန်လည် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ 

ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သည့် လေးရက်အတွင်း၌ တစ်ရက်ပျမ်းမျှ ရောဂါကူးစက်ခံရသူ ၅၀၀၀၀ ကျော်ရှိခဲ့သည်။

ထို့ကြောင့် လူနာများအတွက် ကြိုတင်လက်ဦးမှုများ ရယူနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ဆေးရုံ ခုတင်များ ပိုမိုလိုအပ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

လက်ရှိတွင် ဗြိတိန်ရှိ ဆေးရုံများ၌ အဆင့်မြင့်ကျန်းမာရေးစောင့် ရှောက်မှုစနစ်ကို မကျင့်သုံးနိုင်တော့ကြောင်းနှင့် သဘာဝဘေးကုသမှု  အဆင့်မျိုးကိုသာ ဆောင်ရွက်နေရပြီဖြစ်ကြောင်း တော်ဝင်လန်ဒန်ဆေးရုံက ထုတ် ပြန်ခဲ့သည်။

ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်သော ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် အထိနာနေသည့် လန်ဒန်မြို့တော်တွင် အစိုးရသည် မူကြိုကျောင်းများကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

‘’ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာချမ်းသာစွာရှိနေဖို့က အမျိုးသားရေး ဦးစားပေးအဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ အဝေးကနေပြီး ပညာသင်ကြားတဲ့စနစ်ဟာ အမှန်ကန်ဆုံးသော နောက်ဆုံးနည်းလမ်းတစ် ခုနဲ့ ယာယီဖြေရှည်းနည်းတစ်ခုပဲ ဖြစ်ပါတယ်’’ ဟု ပညာရေးဝန်ကြီး ဂါဗင် ဝီလီယံဆင်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူဦးရေမှာ ၇၄၀၀၀ ကျော်လွန်လာခဲ့ပြီဖြစ်သလို စီးပွားရေးမှာလည်း ထိခိုက်နစ်နာမှုများ ရှိလာခဲ့ ပြီဖြစ်သည်။ လွန်ခဲ့သည့် ဇန်နဝါရီလ ၁ ရက်တွင် ဗြိတိန်၌ COVID-19 ကူး စက်သူသစ် ၅၃၂၈၅ ဦးရှိပြီး သေဆုံးသူသစ် ၆၁၃ ဦးရှိခဲ့သည်။