အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်သူ သန်း ၂၀ ကျော်လွန်ခဲ့

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်သူ သန်း ၂၀ ကျော်လွန်ခဲ့

အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီလ ၁ ရက်၌ COVID-19 ကူး စက်သူ သန်း ၂၀ ကျော်လွန်ခဲ့ပြီဖြစ်ပြီး ကော်လိုရာဒို၊ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါပြည်နယ်များတွင် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှု ဖြစ်ပွားနေခြင်း ကြောင့် အာဏာပိုင်များသည် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။ 

ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ရက်မြတ်နောက်ပိုင်းတွင် အမေရိကန်၌ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလ အတွင်း၌ သေဆုံးသူ ၇၈၀၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ် ဟု စာရင်းအင်းများအရ သိရသည်။

လက်ရှိအချိန်တွင် သေဆုံးသူ ၃၄၅၀၀၀ ရှိခဲ့ပြီဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံသား ၉၅၀ တွင် တစ်ဦးနှုန်း သေဆုံးခဲ့ ပြီဖြစ်သည်။

ထို့ကြောင့် သေဆုံးမှုနှုန်း နှေးကွေးသွားစေရန်အတွက် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်ပေးရန် အစိုးရအာဏာပိုင်များ အား လွှတ်တော်အမတ် မစ်ရွမ်နေးက တိုက်တွန်းပြောကြားခဲ့သည်။

အမေရိ ကန်ပြည်ထောင်စု၏ COVID-19 ကူးစက်မှုနှုန်းသည် ဒုတိယနှစ်ဝက်တွင် ပိုမိုမြင့်မားလာခဲ့ခြင်းလည်းဖြစ်သည်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ကူးစက်သူဦးရေ ၅ သန်း ပြည့် မြောက်ရန်အတွက် ရက်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့သော်လည်း နောက် ပိုင်းတွင် ကူးစက်သူ ၅ သန်းမှ ၁၀ သန်း ပြည့်မြောက်ရန်အတွက် ၉၃ ရက် သာ ကြာမြင့်တော့ကြောင်း သိရသည်။

ထို့ပြင် ကူးစက်သူ ၁၀ သန်းမှ ၁၅ သန်းအထိ ပြည့်မြောက်ရန် ၃၁ ရက်သာ ကြာမြင့်ခဲ့ပြီး ၂၅ ရက်အတွင်း ကူး စက်သူ ၁၅ သန်းမှ ၂၅ သန်းအထိ မြင့်မားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် ကူးစက်သူဦးရေအများဆုံးဖြစ်ပြီး ၂ ဒသမ ၂၈ သန်း ရှိနေသည်။ လက်ရှိတွင် ဒီဇင်ဘာလအလယ်ပိုင်းထက် ကူး စက်မှုနှုန်း လျော့ကျသွားခဲ့ပြီး တစ်ရက်ပျမ်းမျှကူးစက်သူ ၁၈၆၀၀၀ ရှိ ကြောင်း သိရသည်။

သို့သော် နှစ်သစ်ကူးအားလပ်ရက်များတွင် ပွဲလမ်းသ ဘင်များနှင့် အခမ်းအနားများကျင်းပခဲ့ခြင်းကြောင့် ကူးစက်သူဦးရေ ထပ်မံ မြင့်မားလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။