မကွေးမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်းကြောင့် ကျေးရွာပေါင်း ၃၆ ရွာ၌ လျှပ်စစ်မီးရရှိ

မကွေးမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်းကြောင့် ကျေးရွာပေါင်း ၃၆ ရွာ၌ လျှပ်စစ်မီးရရှိ

မကွေးမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP Phase-1 ) ကြောင့် ကျေးရွာပေါင်း ၃၆ ရွာတွင် လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။

မကွေးမြို့နယ် ကန်သစ်ကျေးရွာမီးလင်းရေးအောင်ပွဲကို ဇန်နဝါရီ ၁ရက် ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊တိုင်းဒေသကြီးအမှတ်(၂) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ ရွာဟောင်းကန်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဦးအေးဝင်း၊ ကန်သစ်ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဌ ဦးဘိုကွန်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးအမှတ်(၂) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အမှာစကားများပြောကြားကြပြီးမကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကိုရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

ကန်သစ်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄ဝဝ ဗို့ ဓာတ်အားလိုင်း (၇၈ဝဝ)ပေကိုကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ကာ ပုတီးကုန်းကျေးရွာအတွက်(၁၁) ကေဗွီဓာတ်အားလိုင်း ၁ ဒသမ ၉၃ မိုင်နှင့် (၁၁/ဝ.၄)ကေဗွီ (၂ဝဝ)ကေဗွီအေထရန်စဖော်မာနှစ်လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မကွေးမြို့နယ်၏ (၃၆)ရွာမြောက်မီးလင်းသည့်ကျေးရွာဖြစ်ပြီး ကန်သစ်ကျေးရွာရှိအိမ်ခြေ(၃၈ဝ)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး