အမေရိကန်ရှေ့နေဂျွန်ကလန်စီကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

အမေရိကန်ရှေ့နေဂျွန်ကလန်စီကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

အမေရိကန်၏ နိုင်ငံကျော် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သလို ရှေ့နေတစ်ဦးလည်းဖြစ်သော ဂျွန်ကလန်စီသည် ဟောင်ကောင်တွင် ဇန်နဝါရီ ၆ ရက်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း ရိုက်တာသတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။ 

အာရှလူအခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သလို ဟောင် ကောင်ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ သော ဂျွန်ကလန်စီကို ဟောင်ကောင်ရဲများက အမျိုးသားလုံခြုံရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

သို့သော် ယခုသတင်းနှင့်ပတ်သက်ပြီး ဟောင်ကောင်ရဲတပ်ဖွဲ့ကမူ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဂျွန်ကလန်စီသည် ဟောင် ကောင်ရှိ ဟိုဆေးဝေနှင့် မိတ်ဖက်များ ဥပဒေ အတိုင်ပင်ခံနှင့် အကြံပေး အဖွဲ့ရုံးခန်းအား ရဲများက အလစ်အငိုက် ဝင်ရောက်စီးနင်းချိန်တွင် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက် အစောပိုင်းတွင် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များသည် ဟိုဆေးဝေနှင့် မိတ်ဖက်များ ဥပဒေအတိုင်ပင်ခံနှင့် အကြံပေးအဖွဲ့အား ဝင် ရောက်ဖမ်းဆီးနေသည့် ရုပ်သံဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ သည်။

ဟောင်ကောင်အစိုးရသည် လွန်ခဲသည့် ဇွန်လတွင် အမျိုးသားလုံခြံု ရေးဥပဒေ ပြဌာန်းလိုက်ပြီးနောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုများ ကို ပြင်းထန်စွာ ဖိနှိပ်နေပြီး ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင်လည်း ဒါဇင်နှင့်ချီ သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။