COVID-19 ကာကွယ်ဆေးရန်ပုံငွေသို့ အေဒင်ဦးချစ်ခိုင်က အမေရိကန်ဒေါ်လာတစ်သန်းခွဲ ဦးဦးဖျားဖျား ထည့်ဝင်လှူဒါန်း
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် အေဒင်ဦးချစ်ခိုင်ကမြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ဆေးများကို ဝယ်ယူနိုင်ရန် အတွက်အမေရိကန်ဒေါ်လာ တစ်သန်းခွဲကိုထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေတစ်ရပ် တည်ထောင်လိုက်ကြောင်း သတင်းထုတ်ပြန်ပြီး မရှေးမနှောင်းတွင် ဦးချစ်ခိုင်က ဇန်နဝါရီ ၅ ရက်တွင်ကျရောက်သော သူ၏မွေးနေ့အား ရည်စူးကာ ယခုကဲ့သို့ ဦးဦးဖျားဖျား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရက ၎င်းရန်ပုံငွေကို အမေရိကန်ဒေါ်လာ သန်း ၂၅ဝ၊မြန်မာကျပ်ငွေ သန်းတစ်ထောင်ဖြင့် မ,တည်လိုက်ခြင်းဖြစ်ကာ ပြည်သူများအနေဖြင့် ရန်ပုံငွေတွင် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

















