ဦးဇော်ဇော်၏ ဧရာဝတီဖောင်ဒေးရှင်းက COVID-19 ကာကွယ်ဆေး ဝယ်ယူရန်အတွက် ကျပ် နှစ်ဘီလီယံ လှူဒါန်း
ဦးဇော်ဇော် ဦးဆောင်သည့် ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျှက်ရှိသော ကာကွယ်ဆေး ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် နှစ်ဘီလီယံကို လှူဒါန်းခဲ့ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းသည် ငွေအား၊ လူအားတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်နေလျှက်ရှိသည်။ယခု ထပ်မံလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ COVID-19 ကပ်ရောဂါကိုကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဦးဇော်ဇော်က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေးသားခဲ့သည်။
















