မုံရွာမြို့ရှိ အခမဲ့ဆေးခန်း(Fever Clinic) ကို တစ်ပတ်လျှင်ခြောက်ရက် ဖွင့်လှစ်ကုသပေးနေ

မုံရွာမြို့ရှိ အခမဲ့ဆေးခန်း(Fever Clinic) ကို တစ်ပတ်လျှင်ခြောက်ရက် ဖွင့်လှစ်ကုသပေးနေ

မုံရွာမြို့ရှိ လူငယ်စင်တာတွင်ဖွင့်လှစ်ထားသော Fever Clinic အခမဲ့ ဆေးပေးခန်းကိုတစ်ပတ်လျှင်ငါးရက်ဖွင့်လှစ်နေရာမှ ခြောက်ရက်ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိ၌ Fever Clinic Monywa အခမဲ့ဆေးပေးခန်းသို့ သာမန်ဖျားနာလူနာများအပြင် အနံ့ပျောက် သံသယလူနာများ လာရောက်ပြသသူဦးရေများလာသောကြောင့် တစ်ပတ်လျှင်ခြောက်ရက်နှုန်းဖြင့် ဇန်နဝါရီ ၆ ရက်မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တနင်္ဂနွေတစ်ရက်သာ ဆေးခန်းပိတ်မည်ဖြစ်ကြောင်း သိရသည်။

Fever Clinic Monywa အခမဲ့ဆေးပေးခန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူဆရာဝန်များအသင်း (မုံရွာ)၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ၊ SAVE MONYWA ၊ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)တို့မှ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊အားအင်ကုန်ခမ်းနွမ်းနယ်ခြင်း၊ ချမ်းတုံခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရုတ်တရက် အနံ့မရခြင်း၊အရသာပျောက်ခြင်းစသည့် ရောဂါလက္ခဏာ ခံစားနေရသူများကို ဆေးခန်းတွင် အခမဲ့ (အခမဲ့) ကုသပေးသည်။

ဆေးခန်းပြလိုသူများသည် Hotline Number ဝ၉ ၆၆ဝဝ ၁ဝဝဝဝ သို့ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး ဆေးခန်းမပြသမီ နံနက် ၈ နာရီမှ ၁၂ နာရီနှင့် ညနေ ၄ နာရီမှ ည ၉ နာရီအထိ ကြိုတင်စာရင်းပေးနိုင်ပြီး ဆရာဝန်တစ်ဦးက ဖုန်းလက်ခံ၍ရောဂါလက္ခဏာမေးမြန်းကာ စာရင်းသွင်းပေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး