မိတ္ထီလာမြို့၌ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များအားမီးရှို့ဖျက်ဆီး

မိတ္ထီလာမြို့၌ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များအားမီးရှို့ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌၂ဝ၁၅ ခုနှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များ မီးရှို့ဖျက်ဆီးခြင်းကို ဝန်ဇင်းတိုးချဲ့ရပ်ကွက်ရှိ မြင်တော်ကန်သုသာန်တွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်အိတ် ၂၉၃ ထုပ်၊၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌အသုံးပြုခဲ့သည့် ကြိုတင်ဆန္ဒမဲလက်မှတ်အိတ် တစ်ထုပ်၊ဆန္ဒမဲလက်မှတ် အပိုများနှင့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းအိတ် ၁၂ ထုပ်၊ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲ လက်မှတ်အိတ် ၁၇ ထုပ်၊ ဆန္ဒမဲလက်မှတ် အပိုများနှင့်ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းအိတ်သုံးထုပ်တို့ကို ñွှန်ကြားချက်နှင့်အညီ မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း မြို့နယ်ကော်မရှင် ဥက္ကဌဦးဇော်ဝင်းက ပြောသည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲလက်မှတ်များနှင့် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးရာသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့်အဖွဲ့၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာနည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်နွယ်နီထွန်းနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးရန်နိုင်ဇော်နှင့်အဖွဲ့မီးသတ်ယာဉ်တစ်စီး၊ မြို့နယ်ကော်မရှင်ဥက္ကဌဦးဇော်ဝင်းနှင့်အဖွဲ့တို့က ကြည့်ရှု၍မီးဘေးအန္တရာယ်မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး