ဒေါ်နယ်ထရမ့်၏ တွစ်တာစာမျက်နှာကို အမြဲတမ်း ပိတ်သိမ်းလိုက်ပြီ

ဒေါ်နယ်ထရမ့်၏ တွစ်တာစာမျက်နှာကို အမြဲတမ်း ပိတ်သိမ်းလိုက်ပြီ

ဇန်နဝါရီ ၆ ရက်တွင် လွှတ်တော်အဆောက်အအုံအား ထရမ့်လိုလား သူများက ဝင်ရောက်စီးနင်းပြီးနောက် အခြားနောက်ထပ် အကြမ်းဖက်လှုံ့ ဆော်မှုအန္တရာယ်များ ရှိလာနိုင်ခြင်းကြောင့် တွစ်တာကုမ္ပဏီသည် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တွစ်တာအကောင့်ကို ဇန်နဝါရီ ၈ ရက်နေ့မှစ၍ အမြဲတမ်း ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ဖော်လိုဝါ ၈၈ သန်းကျော်ရှိနေသော ၎င်း၏ အကောင့်ကို ရပ်ဆိုင်း လိုက်ခြင်းသည် လက်ကျန်သမ္မတ သက်တမ်းအတွင်း ဒေါ်နယ်ထရမ့်၏ အသံချဲ့စက်တစ်ခုကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ပြီး လူမှုကွန်ရက်ကုမ္ပဏီ များသည် ကမ္ဘာ့အင်အားကြီးခေါင်းဆောင်များ၏ အကောင့်များကို အစွန်းမ ရောက်စေရေးထိန်းသိမ်းရန်အတွက် မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို နှစ် ပေါင်းများစွာ ဆွေးနွေးပြောဆိုချက်များအပေါ် တွစ်တာကုမ္ပဏီက လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီ ကာလအတွင်း၌ ဒေါ်နယ်ထရမ့် ရေးသားခဲ့သော ပို့စ်များ ကို အပြန်အလှန် သုံးသပ်ပြီးနောက် တွစ်တာကုမ္ပဏီအနေဖြင့် ယင်းအ ကောင့်ကို အမြဲတမ်း ပိတ်သိမ်းရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယခုလုပ်ဆောင်ချက်သည် နိုင်ငံ့အကြီးအကဲ တစ်ယောက်၏ အကောင့်ကို ပထမဆုံး ပိတ်သိမ်းခြင်းဖြစ်ကြောင်းလည်း တွစ်တာက ကြေညာခဲ့သည်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် အရှုံးရလဒ်နှင့် ရင်ဆိုင်ခဲ့ရပြီး နောက် သမ္မတ ဒေါ်နယ်ထရမ့်သည် တွစ်တာစာမျက်နှာကို အကြိမ်ကြိမ် အသုံးပြုကာ ရွေးကောက်ပွဲ၌ မဲမသမာမှုများရှိကြောင်း ပြောဆိုခဲ့သူဖြစ် သည်။

ထို့ပြင် ဇန်နဝါရီ ၆ ရက်တွင် ဂျိုးဘိုင်ဒင်အား သမ္မတသစ်အဖြစ် တရားဝင် အတည်ပြုမည့် လွှတ်တော်အဆောက်အအုံအနီးတွင် လာရောက် စုဝေး ဆန္ဒပြရန်အတွက်လည်း တွစ်တာကို အသုံးပြုကာ လှုံ့ဆော်ခဲ့ခြင်းဖြစ် သည်။