မုံရွာမြို့တွင် စွန့်ပစ်အမှိုက်များအား ခွဲခြား၍ စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက်ဂျပန်နိုင်ငံ Fujita Corporation မှ တာဝန်ရှိသူများ၊ Mitsubishi Research Institute မှ တာဝန်ရှိသူများ၊ စည်ပင်သာယာတာဝန်ရှိသူများနှင့် ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းက Video Conferencing Meeting Room တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
''တတိယအကြိမ် အစည်းအဝေးလုပ်တာပါ။ Fujita ကုမ္ပဏီနဲ့ လျှပ်စစ်ရယ်၊လောင်စာရယ်လုပ်ဖို့ သုံးနှစ်စီမံကိန်းလုပ်ထားတာရှိတယ်။ အဓိကက မြို့တစ်မြို့နဲ့တစ်မြို့ ချိတ်ဆက်ပြီး ကာဗွန်လျှော့ချရေးမှာ စစ်ကိုင်းတိုင်းနဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့နဲ့မိတ်ဖက်မြို့လုပ်ပြီး ကာဗွန်လျှော့ချရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတာပါ။ အခု ဒုတိယနှစ်ရောက်တဲ့အခါ ကိုဗစ်ဖြစ်လို့ ခေတ္တဆိုင်းငံ့နေတာပါ။ဆိုင်းငံ့ချိန်မှာ စွန့်ပစ်အမှိုက်ထဲက ပလတ်စတစ်ကိုရွေးပြီး လောင်စာတောင့်လုပ်မယ်။စွမ်းအင်လျှပ်စစ်ထိလုပ်ဖို့ရည်ရွယ်ပါတယ်''ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင် ဦးထွန်းထွန်းက ပြောသည်။
ဆွေးနွေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးအမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်သည် မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးထွန်းထွန်းနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။ဂျပန်နိုင်ငံ Fujita Corporation မှ တာဝန်ရှိသူများ ၊Mitsubishi Research Institute မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် TESCO Co.,Ltd မှတာဝန်ရှိသူများဆွေးနွေးရာတွင် ထွက်ရှိလာမည့်အမှိုက်များကို ခွဲခြားနိုင်ရေးအတွက်ွှနှဃဥ TESCO Co.,Ltd မှ လေ့လာဆောင်ရွက်မည့်အခြေအနေများ၊ စွမ်းအင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်ကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
















