(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၁၁ဝဝ ကျော်အား လူမှုရေးပင်စင်ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများပေးအပ်

(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၁၁ဝဝ ကျော်အား လူမှုရေးပင်စင်ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများပေးအပ်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်သီရိမာလာအနောက်ရပ်ကွက် ကမ်းနားလမ်း၊ ၂၂ /၂၆ လမ်းကြားရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၈ ရက်ကမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၁၁ဝဝ ကျော်အတွက် လူမှုရေးပင်စင်ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်အတွက်ပေးအပ်သော လူမှုရေးပင်စင်ငွေနှင့်ထပ်ဆောင်းထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး ၁၉ ရပ်ကွက်မှအသက် (၈၅)နှစ်နှင့်အထက် အဘိုး၊အဘွား ၁၁၈ဝ တို့အတွက် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်သုံးလစာ လူမှုရေးပင်စင်ငွေများကိုတစ်ဦးလျှင် ငွေကျပ် ၃ဝ,ဝဝဝ နှုန်းဖြင့်ငွေကျပ် ၃၅၄ သိန်းကိုလည်းကောင်း၊အဆိုပါ အဘိုး၊ အဘွားများထဲမှအသက် (၁ဝဝ)နှစ်နှင့်အထက်ရှိသူအဘိုး၊ အဘွား ၂၂ ဦးအတွက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေအဖြစ်တစ်ဦးလျှင် ငွေကျပ် ၃ဝ,ဝဝဝ နှုန်းဖြင့်ငွေကျပ် ၆၆ဝ,ဝဝဝ ကိုလည်းကောင်းစုစုပေါင်းငွေကျပ် သိန်း ၃၆ဝ ကျော်ကိုမြို့နယ်အုပ်ချုပ်ရေးမှူး လူမှုဝန်ထမ်းဦးစီးအရာရှိနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က အဘိုးအဘွားများအားထောက်ပံ့ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှမိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်ကျော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးအရာရှိ ဦးနေအောင်ကျော်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဦးစီးဌာနမှူးများတက်ရောက်ကြပြီး ဒေါက်တာလှမိုး၊ဒေါက်တာ အောင်ကျော်ဦးတို့ကအမှာစကား ပြောကြားကြသည်။

ဆက်လက်၍မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးအရာရှိတို့ကအဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး