ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်၏ ဇနီး ဘရစ်ဂျစ် မာခရွန်သည် COVID-19 ကူးစက်ခံထားရကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြင်သစ်ရှိ အသံလွှင့်ဌာနများဖြစ်သည့် Europe 1 နှင့် France Info တို့က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘရစ်ဂျစ် မာခရွန်သည် ရောဂါလက္ခဏာကြီးကြီးမားမားမပြသခဲ့ဘဲ ဒီဇင်ဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ထပ်မံစစ်ဆေးခဲ့ရာ ပိုးကင်းစင်ကြောင်း ရလဒ်ထွက်ရှိသည်ဟု Europe 1 က ထုတ်ပြန်ခဲ့သည်။
ပြင်သစ်သမ္မတ မာခရွန်သည်လည်း COVID-19 ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် ရလဒ်ထွက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၄ ရက်တွင် စစ်ဆေးမှုအရ ရောဂါလက္ခဏာများမရှိတော့ကြောင်း တွေ့ရှိခဲ့သည်။
ပြင်သစ်နိုင်ငံ၌ ဇန်နဝါရီ ၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၀၁၇၇ ဦးနှင့် သေဆုံးသူသစ် ၁၇၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြင်သစ်၌ COVID-19 ကူးစက်သူ ၂၇၆၇၃၁၂ ဦးနှင့် သေဆုံးသူ ၆၇၅၉၉ ဦးရှိနေသည်။ ပြင်သစ်သည် ကမ္ဘာပေါ်၌ COVID-19 ဖြင့်သေဆုံးသူဦးရေတွင် သတ္တမမြောက်အများဆုံးရှိနေသည့် နိုင်ငံဖြစ်သည်။

















