မြဝတီမြို့တွင် တရားမဝင် သယ်ဆောင်သိုလှောင်ထားသည့် မော်တော်ယာဉ်များအား သိမ်းဆည်း

မြဝတီမြို့တွင် တရားမဝင် သယ်ဆောင်သိုလှောင်ထားသည့် မော်တော်ယာဉ်များအား သိမ်းဆည်း

မြဝတီမြို့တွင်ထိုင်းနိုင်ငံမှတရားမဝင်တင်သွင်းထားသည့်လိုင်စင်မဲ့မော်တော်ယာဉ်(၉)စီးအားဇန်နဝါရီ ၁၂ ရက်နေ့နံနက် ၁ဝ နာရီအချိန်ကနယ်မြေခံရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ပူးပေါင်း၍ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၁၂ ရက်နေ့နံနက် ၁ဝ နာရီအချိန်ကမြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဌေး၊နှင့်ရဲတပ်ဖွဲ့ဝင်များ၊မြဝတီရှေ့တန်းအမှတ် (၃၁ဝ) ခြေမြန်တပ်ရင်းမှတပ်မတော်သားများပါဝင်သောပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ချစ်ကြည်ရေး လမ်းရှိ၊ ခြံပိုင်ရှင်ဒေါ်မွှေး ငှားရမ်း ထားသည့် ဦးအောင်ကျော်ဦး၊နေထိုင်သည့် (မင်းပြည့်စုံ) ကုမ္ပဏီခြံဝင်းတွင် အကောက်ခွန်မဲ့မော်တော်ယာဉ်များသိုလှောင်ထားကြောင်း သတင်း အရသွားရောက်ရှာဖွေခဲ့ရာအကောက်ခွန်မဲ့ မော်တော်ယာဉ် ၉ စီးအား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါမော်တော်ယာဉ်များမှာ(က)ယာဉ်အမှတ် 8K-9793 နံပတ်တပ် Crown အဖြူရောင် ၁ စီး၊ယာဉ်အမှတ် 8K-9764 နံပတ်တပ် Crown အဖြူရောင် ၁ စီး၊ယာဉ်အမှတ် 6l-2489 နံပါတ်တပ် Oddassy အဖြူရောင် ၁ စီး၊ယာဉ်အမှတ် 7K-8790 နံပါတ်တပ် Hijet အဖြူရောင် ၁ စီး၊ယာဉ်အမှတ် 9K-6317 နံပါတ်တပ် Nissan Altrage အဖြူရောင် ၁ စီး၊ယာဉ်အမှတ် 3H-3221 နံပါတ်တပ် Surf ခဲရောင် ၁ စီး၊ယာဉ်အမှတ် 9N-2534 နံပါတ်တပ် Inside အနီရောင် ၁ စီး၊ ယာဉ်အမှတ် 3K-8859 နံပါတ်တပ် Passo ခဲရောင် ၁ စီး၊ယာဉ်အမှတ် 8 J-5583 နံပါတ်တပ် Nissan Tidd အနက်ရောင် ၁ စီး စုစုပေါင်း ၉ စီးဖြစ်သည်။

ရဲမှူး မြင့်ဌေး ဦးစီးပူးပေါင်းအဖွဲ့သည် အကောက်ခွန်မဲ့ မော်တော်ယာဉ်များအားအမှတ်(၅) ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းအပါအဝင် နေရာအချို့၌ ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိပြီးသိမ်းဆည်မိသည့်အကောက်ခွန်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်၍တရားမဝင်မော်တော်ယာဉ်တင်သွင်း သူများကို အမှုဖွင့်လှစ်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ရဲတပ်ဖွဲ့ကိုသတင်းပေးတာပေါ့။ကိုဗစ်ကာလမှာထိုင်းဘက်ကနေသောင်ရင်းမြစ်ကိုတရားမဝင်မော်တော်ယာဉ်တွေတင်သွင်းနေပြီးဘယ်နေရာက ဘယ်ဂိုထောင်မှာသိုလှောင်ထားတယ်ပေါ့။ဒါကြောင့်ကျွန်တော်တို့အတိအကျဝင်ရောက်ဖမ်းဆီးနှိုင်တာဖြစ်ပါတယ်" ဟုရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင် ၂ဝ၂ဝဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်းနယ်မြေခံတပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတရားမဝင်တင်သွင်းသိုလှောင်ထားသည့်မော်တော်ယာဉ်များကိုဖမ်းဆီးခဲ့ရာစုစုပေါင်း ၁၄၇ စီးဖမ်းဆီးနိုင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး