နိုင်ငံတော်အစိုးရ၏ COVID-19 ကာကွယ်ဆေးထိုးပေးရန် စီမံကိန်းဌာနသို့ စုပေါင်းပေးပို့ လှူဒါန်းနိုင်ရန်အတွက် အထက်မြန်မာပြည် 'ရွှေဝါရောင်'ဆရာတော်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေး၌ပင် အလှူငွေ စတင်ကောက်ခံရာ ရန်ကင်းတောင်ဆရာတော် ဦးပညိဿရာလကင်ာ်ရကအလှူငွေ တစ်သိန်းကျပ် အပါအဝင်ဦးကောဝိဒ (မဂင်္လာမြန်မာကျောင်းဆရာတော်)က တစ်သိန်းကျပ်၊ ဦးပညာဇောတ(ဖန်မီးအိမ်)က ငါးသောင်းကျပ်၊ ဦးပဏ္ဍိတ(အောင်သပြေ)ကတစ်သိန်းကျပ်၊ ဦးရေဝတ(ဣစ္ဆာသယ)က သုံးသောင်းကျပ်၊ ဦးစိန္တိတ(ရွှေဝါရောင်)က သုံးသောင်းကျပ်၊ ဦးသုမန(မြတောင်)က တစ်သိန်းကျပ်၊ ဦးအာစာရ(မြတောင်)က သုံးသောင်းကျပ်၊ဦးဧသိက(မင်္ဂလာမြန်မာ)က သုံးသောင်းကျပ်၊ ဦးသောဘိတ(အင်္လကာကြယ်)က သုံးသိန်းကျပ်နှင့် ရွှေညဝါဆရာတော်က တစ်သိန်းကျပ်တို့ကိုစတင် မတည်လှူဒါန်းကြပါသည်။
ရွှေဝါရောင်ဆရာတော်များ၏ အများကောင်းမှု အလှူတော်တွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဖုန်း ဝ၉-၇၇၇၇ ၂၂၂ ၉၉ သို့ ပေးပို့လှူဒါန်းနိုင်ကြောင်း အရှင်သောဘိတ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ပြန်နှိုးဆော်ထားသည်။
















