မြဝတီခရိုင် ဝေါလေမြိုင်တစ်ဖက်ကမ်းတွင် ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတင်းကြပ်စွာဆောင်ရွက်နေ

မြဝတီခရိုင် ဝေါလေမြိုင်တစ်ဖက်ကမ်းတွင် ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတင်းကြပ်စွာဆောင်ရွက်နေ

မြဝတီခရိုင် မြို့နယ်ခွဲဖြစ်သည့် ဝေါလေမြိုင်တစ်ဖက်ကမ်း ဖုတ်ဖရမြို့နယ်တွင် ထိုင်းအစိုးရမှနယ်စပ်သွားလာရေးနှင့်ပတ်သက်ပြီး ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် လုံခြုံရေး တင်းကြပ်စွာဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ အမှတ်(၃) အရှေ့တိုင်း/တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖိချေ့ဆုစပ် ကိုယ်တိုင်ဦးဆောင်ပြီး တာ့ခ်ခရိုင်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ဌာနဆိုင်ရာများ၊ နယ်မြေခံရဲနှင့် စစ်တပ်တို့မှကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

''အဓိကပြောချင်တာက မြန်မာပြည်ဘက်ကမြဝတီကာစီနိုရုံတွေမှာ အလုပ်လုပ်ပြီး လွန်ခဲ့တဲ့လေးရက်ခန့်က ထိုင်းဘက်ကို ပြန်လာကြတဲ့ထိုင်းနိုင်ငံသား ၆ဝ မှာ မြန်မာဘက်က ကူးစက်လာတဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၂၁ ဦးပါလာတယ်။ အဲဒါကို ထိုင်းက မြန်မာဘက်က သောင်ရင်းမြစ်ကိုခိုးကူးနေတဲ့ မြန်မာအလုပ်သမားတွေအပြင် ထိုင်းနိုင်ငံသားတွေကိုလည်း သောင်ရင်းမြစ်ကို ဖြတ်ကျော်မကူးကြဘဲ တရားဝင်နည်းလမ်းနဲ့ပြန်လာဖို့် လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်နေတာဖြစ်ပါတယ်''ဟု မဲဆောက်အခြေစိုက်ကရင်အမျိုးသားမီဒီယာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြဝတီနှင့် ၄၇ မိုင်ဝေးသော ဝေါလေမြိုင်ဒေသသည် တစ်ဖက် ထိုင်းနိုင်ငံနှင့် သောင်ရင်းမြစ်ကိုဖြတ်ကျော်သွားရောက်ရန် အလွန်လွယ်ကူသောနေရာဖြစ်သည်။ ယခုတလော မြဝတီဘက်မှကာစီနိုရုံများပိတ်လိုက်သဖြင့် အဆိုပါ ကာစီနိုရုံများတွင် အလုပ်လုပ်နေကြသော ထိုင်းနိုင်ငံသားများမှာ ထိုင်းဘက်သို့ တရားဝင်ပြန်လျက်ရှိသလိုသောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ပြန်နေကြသူများလည်းရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး