ကိုအောင်ကြီးအမှု နှစ်ဖက်ညှိနှိုင်းခြင်း မရှိ၊ ဥပဒေကြောင်းအရ ဆက်သွားမည်

ကိုအောင်ကြီးအမှု နှစ်ဖက်ညှိနှိုင်းခြင်း မရှိ၊ ဥပဒေကြောင်းအရ ဆက်သွားမည်

နေပြည်တော် ကောင်စီနယ်မြေ အတွင်း သက်ငယ်မုဒိမ်းမှုအဖြစ် လူသိများသည့် ဗစ်တိုးရီးယားအမှုတွင် မှားယွင်းဖမ်းဆီးခံခဲ့ရသည့် ကိုအောင်ကြီးက ၎င်း၏နစ်နာမှုများအတွက် နစ်နာကြေးငွေ ကျပ်သိန်း ၅ထောင် ရလိုမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား တရားစွဲဆိုမှုကို ၂ ဖက်ညှိနှိုင်းမှု မလုပ်ဘဲ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း တရားလို ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

၎င်းက “အမှုရဲ့ သဘာဝအရရုံးရှေ့မှာပဲ နှစ်ဖက်ညှိမလားလို့ မေးတော့ မညှိဘူးပေါ့။ အမှု ရဲ့ သဘောအရ ညှိနှိုင်းရေးမှူး အရာရှိ ဆီကို သွားကို သွားပြီး သဘောထားပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ညှိနှိုင်းရေးအရာရှိဆီ ကို သွားပါတယ်။ သွားပြီးတော့ ညှိနှိုင်းရေးအရာရှိ ရှေ့မှာလည်း ကိုအောင်ကြီးနဲ့ ဒုရဲမှူးကြီး ဝင်းမြင့်တို့ နှစ်ယေက်ဝင်သွားပြီး တော့ နှစ်ယောက်လုံက ညှိနှိုင်းဖို့ မလိုအပ်ဘူး။ မဖြစ်နိုင်ဘူးလို့ ပြောလို့ ရုံးကိုပြန်ပို့လိုက်ပါပြီ။ ဒီအမှုက ဆက်ပြီးသွားမယ့် သဘောရှိပါတယ်။ ညှိတာ နှိုင်းတာ မရှိပါဘူး။ တစ်ဖက်ကလည်း ဘာမှ မကမ်းလှမ်းပါဘူး။ ကျွန်တော်တို့ကလည်း ဘာမှ မကမ်းလှမ်းပါဘူ;” ဟုပြောသည်။

ဇန်နဝါရီ ၁၅ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာမှုအပြီးတွင် သတင်းထောက်များကို အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

ဒီကနေ့ ကြားနာမှုသို့ တရားပြိုင်ဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စား တာဝန်ပေးအပ်ခြင်းခံရသည့် ဒုတိယ ရဲမှူးကြီး တစ်ဦး လာရောက်ခဲ့ပြီး နောက် တရားပြီုင်အဖြစ် ဆောင်ရွက်ဖြစ်ကြောင်း ရှင်းလင်းခဲ့မှုကို တရားလိုဘက်ကလည်း လက်ခံခဲ့ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

၎င်းက “ဒီကနေ့ကတော့ တရားပြိုင်အရောက်အချိန်းဆိုတော့ တရားပြိုင်ရောက်ပါတယ်။ တရားပြိုင်က ရဲချုပ်ကနေပြီးတော့ ရုံးတွင်းအမိန့်စာ နဲ့ ပေါ့လေ သာမန်အားဖြင့်ကတော့ ကုမ္ပဏီတွေ ဘာတွေဆိုရင် ဒါရိုက်တာ ဘုတ်အဖွဲ့ ရဲ့ အစည်းအဝေးမှတ်တမ်းနဲ့ လုပ်ရတယ် သို့မဟုတ် GP နဲ့ ပို့ ရတယ်။ ဒါပေမယ့် သူက တော့ ရုံတွင်းအမိန့်စာ နဲ့ ပဲလာတယ် အဲ့ဒါကတော့ ဥပဒေ ဌာန ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ပေါ့ ဒုရဲမှူးကြီးဝင်းမြင့်ကို ဆောင်ရွက်ဖို့ ဆိုပြီး အမိန့်ပေးလိုက်တာပေါ့။ ခရိုင်တရားသူကြီးက ကန့်ကွက်စရာရှိသလား မေးတယ်။ ကန့်ကွက်စရာ မရှိပါဘူးလို့ ပြောလိုက်တယ်။ ဒါကတော့ သာမန်အားဖြင့် GP ပါသလား မေးဖို့ ရှိတာပေါ့ ဒါပေမယ့် ဒါက အမိန့် နဲ့ ပဲ လုပ်တဲ့ ဌာန တစ်ခုဆိုတော့ သူ့အမိန့် နဲ့ ပဲ ခန့်အပ်လိုက် လို့ရတယ် ဆိုတော့ ကျွန်တော်တို့လည်း လက်ခံလိုက်ပါတယ်” ဟုပြောသည်။.

ယင်းအမှုအမျိုးအစားနှင့်ပတ်သတ်၍ ရက်ပေါင်း ၅၄၀ အတွင်းအပြီးစစ်ဆေးရမည့် အမှုအဖြစ်တရားသူကြီးက သတ်မှတ်ပေးလိုက်ပြီး အမှုကို နောက်၄ ပတ်အကြာ ဖေဖော်ဝါရီ  ၁၁ ရက်နေ့ တွင် ချိန်းဆိုလိုက်သည်။ ယင်း ရုံးချိန်းတွင် တရားပြိုင်ဘက်က ရှေ့နေကိုယ်စားလှယ် စာတင် ခြင်းနှင့် အခြားဆောင်ရွက်စရာရှိတသည့် ကိစ္စများကို ဆောင်ရွက်ဖို့ ရှိကြောင်း သိရသည်။

ဦးခင်မောင်ဇော်က “ဒီကနေ့ ပြီးတော့ နောက်တစ်ချိန်းပေါ့။ နောက်တစ်ချိန်းက ရှေ့ နေကိုယ်စားလှယ် စာတင်ဖို့ နဲ့ အဲ့ရှေ့နေက မေး စရာရှိတာ မေးခွန်းတော့ စာရွက်စာတမ်းတောင်းပြီး ကြည့်တာတွေ အဲ့ဒါတွေ လုပ်ဖို့အတွက်ပေါ့လေ။ ဖေဖော်ဝါရီ ၁၁ ရက်နေ့  ပြည်ထောင်စုနေ့ မတိုင်ခင် တစ်ရက်ကို ချိန်းလိုက်ပါတယ်။ အဲ့နေ့ မှာ ရှေ့နေကိုယ်စားလှယ်စာတင်ပါမယ်။ ရုံးရှေ့မှာပဲ ဒုရဲမှူးကြီးပြောသွားတာတော့ ခရိုင်ဥပဒေရုံးကို အကူအညီတောင်းမယ်လို့ ပြောသွားပါတယ်။ ခရိုင်ဥပဒေအရာရှိ တစ်ယောက်ယောက်ပေါ့လေ။ အဲ့ဒီက တာဝန်ပေးတဲ့တစ်ယောက်က တရားပြိုင်ရဲ့ ရှေနေ အဖြစ်ဆောင်ရွက်ပေးပါလိမ့်မယ်” ဟုပြောသည်။

ကိုအောင်ကြီးသည် ဗစ်တိုးရီးယား သက်ငယ်မုဒိမ်းမှုအတွင် တရားခံအဖြစ် ၆လ နီးပါးလောက် ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး နောက်တရားရှင်အဖြစ် ပြန်လည် စေလွှတ်ပေးခဲ့သည်။ ထို့နောက် တစ်နှစ်အကြာတွင် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နစ်နာခဲ့မှုများအတွက် လျော်ကြေးငွေ ကျပ်သိန်း ၅ ထောင်ရယူလိုမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်