လွန်ခဲ့သည့် ဇန်နဝါရီ ၁၅ ရက်တွင် Pfizer ကုမ္ပဏီက ကာကွယ်ဆေး ဖြန့်ဖြူးပေးမှုကို ယာယီလျှော့ချပစ်မည်ဟု ကြေညာခဲ့ပြီးနောက် ဥရောပရှိ အစိုးရများသည် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်အ တွက် အခက်အခဲများရှိလာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
Pfizer-BioNTech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများ ကို လွန်ခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ ဥရောပသမဂ္ဂထံ စတင်ဖြန့်ဖြူး ပေးခဲ့သော်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ ၉ နိုင်ငံသည် ယခု သီတင်းပတ်တွင် ကာကွယ်ဆေး လုံလောက်စွာ မရရှိခဲ့ကြောင်း အစည်းအ ဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့သည်။
လျာထားချက်ပြည့်မီစွာ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း Pfizer ကုမ္ပဏီ က ပြောကြားခဲ့ပြီးဖြစ်သော်လည်း ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင် ရန်အတွက် လိုအပ်သောကြောင့် ကာကွယ်ဆေးဖြန့်ဖြူးပေးမှုတွင် ဇန်နဝါရီ လ နှောင်းပိုင်းမှ ဖေဖော်ဝါရီလ အစောပိုင်းအထိ ယာယီသက်ရောက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် ယခုကဲ့သို့ အကျပ်အတည်း ကျရောက်နေချိန်တွင် ယင်း ကဲ့သို့ ကြေညာချက်မျိုးမှာ လက်မခံနိုင်စရာဖြစ်ရကြောင်း ကုလသမဂ္ဂအဖွဲ့ ဝင် ၆ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများက လက်မှတ်ရေးထိုးကာ ဥရောပ ကော်မရှင်ထံသို့ လိပ်မူ၍ စာတစ်စောင် ပေးပို့ခဲ့သည်။ ‘’ဒီအခြေအနေက လက်မခံနိုင်စရာပါပဲ။ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွေ လျာထားချက် ကို ထိခိုက်စေရုံသာမကဘဲ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်တွေကိုလည်း လျော့နည်းသွားစေပါတယ်’’ ဟု ဆွီဒင်၊ ဒိန်းမတ်၊ လစ်သူရေးနီးယား၊ လတ် ဗီးယား၊ အက်စ်တိုးနီးယား နိုင်ငံတို့မှ ကျန်းမာရေးနှင့် လူမှုရေးရာ ဝန်ကြီးများ က ပြောကြားခဲ့ကြသည်။
Pfizer ကုမ္ပဏီ၏ ယင်းဆုံးဖြတ်ချက်ကြောင့် ဥရောပသမဂ္ဂနိုင်ငံများ တွင် ကာကွယ်ဆေး အများဆုံး ဝယ်ယူထားသော ဂျာမနီကလည်း အံ့အား သင့်ရကြောင်းနှင့် နောင်တရမိကြောင်း ပြောကြားခဲ့ပြီး ကနေဒါနိုင်ငံသည် လည်း ကာကွယ်ဆေးနှင့် ပတ်သက်သည့် လျာထားချက်များအပေါ် သက် ရောက်မှု ရှိလာနိုင်မည်ဖြစ်သည်။
ထို့ပြင် Pfizer အနေဖြင့် သဘာတူစာချုပ်များ ချုပ်ဆိုထားသည့်အ တိုင်းသာ ကာကွယ်ဆေးများကို ထုတ်လုပ်ဖြန့်ဖြူးပေးစေလိုကြောင်း လစ် သူရေးနီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

















