ကိုဗစ် ကာကွယ်ဆေးဝယ်ယူရန်အတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က ငွေကျပ်သိန်း ၅ဝဝ လှူ

ကိုဗစ် ကာကွယ်ဆေးဝယ်ယူရန်အတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က ငွေကျပ်သိန်း ၅ဝဝ လှူ

နိုင်ငံတော်အစိုးရ၏ COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေအတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တတိလောကဆရာတော်က ငွေကျပ် သိန်း ၅ဝဝ ကို ဇန်နဝါရီ ၁၅ ရက်က ထည့်ဝင်လှူဒါန်းခဲ့ကြောင်းသိရသည်။

အလှူငွေကို အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တတိလောက ဆရာတော်၏ ကပ္ပိယ ကာရကမှ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အင်းစိန်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့က အလှူတော်ငွေများ လက်ခံခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး