Samsung Galaxy S21 စမတ်ဖုန်း မျိုးဆက်သစ်များအတွက် Pre-order များ မြန်မာနိုင်ငံတွင် လက်ခံလျက်ရှိ

Samsung Galaxy S21 စမတ်ဖုန်း မျိုးဆက်သစ်များအတွက် Pre-order များ မြန်မာနိုင်ငံတွင် လက်ခံလျက်ရှိ

Samsung သည် ၎င်း၏မျိုးဆက်သစ် Galaxy S21 စမတ်ဖုန်းစီးရီးများကို ဇန်နဝါရီလ ၁၄ ရက်၊ ည ၉:၃၀ နာရီက ကျင်းပခဲ့သည့် Global Galaxy Unpacked အခမ်းအနားတွင် မိတ်ဆက်ခဲ့သည်။ အဆင့်မြှင့်တင်ထားသော ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ စွမ်းဆောင်ရည်၊ စွဲမက်ဖွယ် ဒီဇိုင်းတည်ဆောက်ပုံ၊ တစ်နေ့တာလုံး စိတ်တိုင်းကျ အသုံးပြုနိုင်မည့် all-day intelligent battery နှင့် အခြားသော စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များထည့်သွင်းပေးထားသည့် Galaxy S21 စမတ်ဖုန်းစီးရီးအသစ်များသည် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံများ ပေးအပ်သွားမည်ဖြစ်သည်။

၎င်း Galaxy S21 စမတ်ဖုန်းအသစ်ကို ကြိုတင်မှာယူလိုသူများအတွက် Samsung Myanmar က ယခုဇန်နဝါရီလ ၁၅ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။

ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၅၅၉,၀၀၀ ကျသင့်မည့် Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းအား ငွေရောင် (Silver)၊ အနက်ရောင် (Black) နှင့် ခရမ်းရောင် (Violet) အရောင် ၃ ရောင်အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်ကြပါသည်။ Galaxy S21 Ultra စမတ်ဖုန်းကိုမူ 12 GB RAM / 256 GB ROM version အား ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၈၄၉,၀၀၀ ဖြင့်လည်းကောင်း၊ 16 GB RAM / 512 GB version အား ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၂,၀၄၉,၀၀၀ ဖြင့်လည်းကောင်း အသီးသီး မှာယူနိုင်မည် ဖြစ်ပြီး version ၂ မျိုးလုံးအား ငွေရောင် (Silver) နှင့် အနက်ရောင် (Black) အရောင် ၂ ရောင် အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံဈေးကွက်အတွက် ပထမဆုံးအကြိမ်အဖြစ် သုံးစွဲသူများသည် ယခု Galaxy S21 စမတ်ဖုန်းများကို အခြားသော နိုင်ငံတကာ ဈေးကွက်များနည်းတူ 5G version ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ကြိုတင်မှာယူလိုသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးသည်နှင့် ၎င်းတို့၏ Samsung Galaxy S21 စမတ်ဖုန်းအသစ်များကို လာမည့်ဖေဖော်ဝါရီလ ၆ ရက်မှ ၁၃ ရက်အတွင်း ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်များတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။ ၎င်းအပြင် အထူးအခွင့်အရေးအနေဖြင့် Samsung Myanmar က ပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိပါမည်။

  • Galaxy S21 Ultra (16 GB RAM / 512 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Pro၊ Travel Adapter နှင့် Smart Tag
  • Galaxy S21 Ultra (12 GB RAM / 256 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Pro နှင့် Travel Adapter
  • Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Live နှင့် Travel Adapter

ဤ Galaxy S21 စီးရီးစမတ်ဖုန်းများကို မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၂၉ ရက်၌ တရားဝင် မိတ်ဆက်သွားမည်ဖြစ်ပြီး အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားတွင် စိတ်လှုပ်ရှားစရာ အစီအစဉ်များစွာနှင့်အတူ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ (https://www.facebook.com/SamsungMyanmar/) မှတစ်ဆင့် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်