Chubb Life က မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်နည်း အက်ပလီကေးရှင်းသစ် စတင်မိတ်ဆက်

Chubb Life က မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်နည်း အက်ပလီကေးရှင်းသစ် စတင်မိတ်ဆက်

Chubb Life Myanmar က မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်နည်းအတွက် နေ့စဉ်သုံး အက်ပလီကေးရှင်း (360-degree App) ကို ဇန်နဝါရီ ၁၄ ရက်က စတင်မိတ်ဆက်ပေးခဲ့သည်။ ၎င်းအက်ပလီကေးရှင်းကို သုံးစွဲသူများ အဆင်ပြေချောမွေ့စေရန် ယခုအခါ မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားသည်။

Chubb LifeBalance သည် အသုံးပြုသူများအတွက် ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် နောက်ဆုံးပေါ် AI နည်းပညာ (Artificial Intelligence) ဖြင့် အစာအာဟာရဖြည့်စွက်စားသုံးခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စသည့်ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များမှ ပုံဖော်ရေးဆွဲထားသည့် ကိုယ်ပိုင်နည်းပြ (personalized virtual coach) ကို ထည့်သွင်းထားပါသည်။ အက်ပလီကေးရှင်းသုံးစွဲရန် မှတ်ပုံတင်ရာတွင် လွယ်ကူပြီး ဆေးဘက်ဆိုင်ရာ လက်တွေ့စာတမ်းပေါင်း ၂,၅၀၀ ကျော် နှင့် နှစ်ပေါင်းများစွာမှ လူသန်းပေါင်း ၃၀၀ ကျော်၏ ဆေးမှတ်တမ်း လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသုံးပြုသူ၏ ကိုယ်ပိုင်ကျန်းမာရေးရမှတ် (personalized health score) ကို လွယ်ကူစွာ တွက်ချက်နိုင်ပါသည်။ ၎င်း App သည် သုံးစွဲသူများအတွက် ကျန်းမာရေးဆိုင်ရာ ကိုယ်ပိုင်ရည်မှန်းချက်များ ချမှတ်နိုင်ရန် နေ့စဥ် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ထိုမှထွက်ပေါ်လာသော ကျန်းမာရေးရလဒ်အပေါ် မူတည်၍ သုံးစွဲသူ၏ လူနေမှုဘဝပုံစံအပေါ် အခြေခံလျက် အချိန်နှင့်တပြေးညီ ကျန်းမာရေးအခြေအနေကို လမ်းညွှန်ပြပေးနေမည်ဖြစ်သည်။

Chubb Life Myanmar ၏ Country President ဖြစ်သူ Mr Son Nguyen က “အခုလို သာမာန်မဟုတ်တဲ့အချိန်မျိုးဖြစ်တဲ့ COVID-19 ဖြစ်နေချိန် နဲ့ COVID အလွန်ကာလတွေမှာ လူတိုင်းက ကိုယ့်ရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အကူအညီလိုအပ်တယ်လို့ ယုံကြည်ပါတယ်။ Chubb LifeBalance က ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုအတွက်တင်မကဘဲ အိပ်စက်မှု၊ စားသောက်မှုပုံစံ၊ စိတ်နဲ့ ခန္ဓာကိုယ်တို့ရဲ့ ကျန်းမာသန်စွမ်းရေးအတွက်ပါ အဓိကအာရုံစိုက်ပေးတဲ့အတွက် သုံးစွဲသူတိုင်းရဲ့ ကျန်းမာရေးကို အတွေးသစ် အမြင်သစ်နဲ့ ဖြစ်အောင် အထောက်အကူပြုပေးပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက Chubb Life အနေဖြင့် မြန်မာပြည်တွင် ယခု App အား မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြရာတွင် “အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျန်းမာရေး အတွက် ကုန်ကျစရိတ်က ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်တဲ့ အလေ့အကျင့်ကောင်းတွေက မြန်မာနိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်နေတဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ လူတိုင်းက သူတို့ရဲ့ဘဝကို ကျန်းမာစွာနေထိုင်ဖို့ထိုက်တန်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တဲ့အတွက် Chubb LifeBalance App ကို လူတိုင်း အခမဲ့အသုံးပြုနိုင်အောင် ဖန်တီးပေးလိုက်တာပါ” ဟု ပြောကြားခဲ့သည်။

Chubb LifeBalance သည် ကျန်းမာရေးကိရိယာမျိုးစုံနှင့် ချိတ်ဆက်ထားသည့်အပြင် အခြားကျန်းမာရေး App များဖြစ်သော Fitbit၊ Strava၊ Garmin နှင့် Apple Health တို့ဖြင့် ချိတ်ဆက်ထားသောကြောင့် ခြေလှမ်းအရေအတွက်၊ အိပ်ချိန်၊ အစားအသောက်ပုံစံ နှင့် အသက်ရှူနှုန်း တို့ကို မှတ်တမ်းတင်ပေးထားနိုင်သည်။ ထို့အပြင် ၎င်း App မှတစ်ဆင့် သူငယ်ချင်း၊ မိသားစုဝင်များကိုပါ အတူဖိတ်ခေါ်ပြီး အချင်းချင်းအားပေးကူညီခြင်း၊ နှိုင်းယှဥ်ခြင်းများ ပြုလုပ်နိုင်သည်။

Chubb LifeBalanace App သည် Chubb Life မှ အာမခံဝန်ဆောင်မှု အတွက်များသာမက လူများ၏ကာကွယ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းရန် နည်းပညာကိုအသုံးပြုနေသည့် နည်းလမ်းများစွာအနက်မှ တစ်ခုဖြစ်သည်။ Chubb LifeBalance App ကို Google Play နှင့် Apple App Store တို့တွင် အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာ ဖြင့် ရရှိနိုင်ပြီး ပိုမိုလေ့လာရန် mm.chubblifebalance.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်