EMUI 11 နှင့် အတူပါရှိလာမည့် ထူးခြားသေသပ်လှပသည့် Features များ

EMUI 11 နှင့် အတူပါရှိလာမည့် ထူးခြားသေသပ်လှပသည့် Features များ

HUAWEI ဖုန်းသုံးစွဲများကြား ရင်းနှီးပြီးသားဖြစ်သည့် EMUI version အနေနှင့် ယခုအချိန်တွင် EMUI 11 အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် Flagship အမျိုးအစားဖုန်းများဖြစ်သည့် HUAWEI P40 Series၊ Mate30 Series နှင့် HUAWEI MatePad Pro တို့တွင် စတင် Update ရရှိလာပြီဖြစ်သည်။ အဆိုပါ EMUI 11 တွင်ပါဝင်လာမည့် ထူးခြားသေသပ်လှပသည့် features များအနက်မှ အချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။

EMUI 11 software update အသစ်ကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများမှ HUAWEI P40 series များ၊ Mate30 Series စမတ်ဖုန်းများနှင့် HUAWEI MatePad Pro တို့တွင် စတင်ရရှိနေခဲ့ပြီးဖြစ်ပါသည်။ EMUI 11 တွင် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကိုရရှိစေမည့် features သစ်များ ပါရှိလာမှာဖြစ်ပြီး သိသာထင်ရှားသည့် အချက်များအဖြစ် Windows PC နှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် Multi-Screen Collaboration တွင် အဆင့်မြှင့်တင်မှုများ၊ လှပသေသပ်ပြီး ပိုမိုအစီအစဉ်ကျပြီး ကိုယ်နှစ်သက်ရာပုံများကို ကာဗာအဖြစ် ထားရှိနိုင်ဦးမည့် Gallery ပိုင်းအပြင်ဆင်၊ Scan ဖတ်ထားသည့် Document မှတစ်ဆင့် စာသားများကို ဆွဲထုတ်ရယူနိုင်မည့် Notepad features အသစ်၊ လုပ်ငန်းဆောင်တာများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာပြောင်းလဲလုပ်ဆောင်စေနိုင်မည့် App Bubblefeature အသစ်၊ Floating Windows များကို Size အတိုးအလျှော့ပြုလုပ်နိုင်မည့် Features များ စသည်တို့ပါဝင်လာခဲ့ပါသည်။ ထို့ပြင် UI Design ပိုင်းကို သိသိသာသာပြောင်းလဲထားခြင်း၊ Always-on Display ပိုင်းမှာလည်း Theme အသစ်များနှင့် အဆင့်မြှင့်တင်ထားခြင်း စသည်တို့လည်း ပါဝင်လာသည်ဟု HUAWEI ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
HUAWEI Matebook အမျိုးအစား Laptop နှင့် EMUI 11 အသုံးပြုထားသည့် HUAWEI Smartphones အကြားတွင် ချိတ်ဆက်မှုအပိုင်း (Multi-Screen Collaboration) တွင် တိုးတက်မှုအဖြစ် App သုံးခုအထိ တစ်ပြိုင်နက်တည်း Laptop Screen ပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် မတူညီသည့် Online Shop App များကို Multi-Screen Collaboration မှတစ်ဆင့် တစ်ပြိုင်နက်တည်း ဖွင့်ထားချိန်မှာပင် Chat ပြုလုပ်ခြင်း (သို့မဟုတ်) ဗီဒီယိုကြည့်ရှုခြင်း စသည်တို့ကို တစ်ပြိုင်နက်တည်း အချိန်ကုန်သက်သာစွာ ပြုလုပ်စေနိုင်မည့် Feature တစ်ခုဖြစ်သည်။
EMUI 11 တွင်ပါရှိလာမည့်် Gallery ပိုင်းအတွက် အဓိကပြောင်းလဲလာသည့် အပိုင်းသုံးခုရှိပြီး အဓိကအားဖြင့် Albums ပိုင်း၊ Highlights နှင့် Discover တို့ဖြစ်သည်။ Album ပိုင်းတွင် မိမိစိတ်ကြိုက် Photo Albums များကို စီစဉ်ထားနိုင်ပြီး Albums အလိုက် ရှာဖွေရာတွင် ပိုမိုလွယ်ကူလာစေမည့်အပြင် မျက်စိပသာဒဖြစ်ဖွယ်လည်း စီစဉ်ထားနိုင်မည်ဖြစ်သည်။ Highlights အပိုင်းသည် အဓိကအားဖြင့် မိမိရိုက်ကူးထားသည့် အမှတ်တရပုံရိပ်များကို Location အလိုက် ရက်စွဲအလိုက် သီးသန့်ထုတ်နှုတ်ပေးပြီး ဗီဒီယို Vlog ပုံစံဖန်တီးခြင်း၊ Cover ထားရှိခြင်း စသည်တို့ကို ပြုလုပ်လာနိုင်စေမှာဖြစ်သည်။ Discover အပိုင်းတွင် မိမိပုံအပါအဝင်၊ မိမိ၏ ချစ်ခင်ရသူ မိတ်ဆွေများ၊ မိသားစုဝင်များအလိုက် တစ်ဦးတစ်ယောက်ချင်းစီကို ရှာဖွေရာတွင်ဖြစ်စေ၊ မိမိရောက်ရှိခဲ့သည့် ဒေသများအလိုက် ပုံများကို အလွယ်တကူရှာဖွေနိုင်မည့်အပြင် Story များဖန်တီးခြင်း၊ Collage (ပုံတွဲများ) စသည်တို့ကို အလွယ်တကူဖန်တီးနိုင်စေမည်ဖြစ်သည်။
နောက်ထပ်အသုံးတည့်စေမည့် Feature တစ်ခုအဖြစ် Scan ဖတ်ထားသည့် Document မှတစ်ဆင့် စာသားများကိုဆွဲထုတ်ရယူနိုင်မည့် Notepad features အသစ်လည်း EMUI 11 တွင် ပါဝင်လာခဲ့ပါသည်။ AI နည်းပညာကို အသုံးပြုထားပြီး Note Features မှတစ်ဆင့် Scan Document feature ကိုရွေးယူပြီး စာရွက်ကိုဓာတ်ပုံရိုက်ကူးကာ အဆိုပါဓာတ်ပုံမှတစ်ဆင့် စာသားများကိုဆွဲထုတ်ပြီး notepad ပေါ်တွင် စိတ်ကြိုက်စာသားများ ပြင်ဆင်နိုင်မည့် ထူးခြားသည့် feature တစ်ခုဖြစ်သည်။ အဆိုပါ feature အသစ်ကို လက်ရှိအချိန်တွင် အင်္ဂလိပ်၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားဘာသာစကားများအတွက် ထောက်ပံ့ပေးထားပါသည်။
EMUI သုံးစွဲသူများအကြား ရေပန်းစားပြီးသား Features တစ်ခုဖြစ်သည့် Multi-window ပိုင်းကိုလည်း EMUI 11 တွင် အဓိက အချက်နှစ်ချက်ဖြင့် ပိုမိုကောင်းမွန်သည့် သုံးစွဲမှုအတွေ့အကြုံအတွက် ပြင်ဆင်လာခဲ့ပါသည်။ လုပ်ငန်းဆောင်တာများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာပြောင်းလဲလုပ်ဆောင်စေနိုင်မည့် App Bubble feature အသစ်၊ Floating Windows များကို Size အတိုးအလျှော့ ပြုလုပ်နိုင်မည့် Features များတို့ပဲဖြစ်သည်။ App များကို Pop-Up ပုံစံမျိုးဖြင့် အသုံးပြုနိုင်မည့် Multi-Window ပိုင်းလုပ်ဆောင်မှုတွင် ယခုအခါ တစ်ပြိုင်နက်တည်း App နှစ်ခုသာ အသုံးပြုနိုင်ရာမှ App Bubble Feature အသစ်ကြောင့် Pop-Up ပုံစံအသုံးပြုသည့် App များအကြား လျင်မြန်စွာ ပြောင်းရွှေ့အသုံးပြုနိုင်မှာ ဖြစ်သည့်အပြင် ဖုန်း Screen ၏ မည်သည့်နေရာကိုမဆို ရွှေ့ပြောင်းနိုင်ခြင်းကြောင့် လွတ်လပ်လွယ်ကူလျင်မြန်စွာ အလုပ်လုပ်နိုင်စေမှာ ဖြစ်ပါသည်။
မျက်နှာပြင်ကြီးမားသည့် HUAWEI MatePad Pro ကဲ့သို့ တက်ဘလက်များတွင် ပိုမိုအသုံးတည့်လာစေမည့် features ပိုင်းဖြစ်ပြီး၊ အဆိုပါ Floating Windows များကိုလည်း လိုသလို ဆိုဒ်အတိုးအလျှော့ ပြုလုပ်စေနိုင်မည်ဖြစ်သဖြင့် အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် သုံးစွဲမှုအတွေ့အကြုံသစ်ကို ရရှိလာစေမှာလည်းဖြစ်ပါသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်