ရန်ကုန်တိုင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား

ရန်ကုန်တိုင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား

တပ်မတော်အာဏာသိမ်းမှုဖြစ်စဉ်နှင့်အတူဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ခေတ္တရပ်ဆိုင်းထားရပြီး စောင့်ကြည့်အခြေအနေတွင်ရှိနေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဆိုသည်။

''လက်ရှိကတော့ ဆက်သွယ်ရေးလိုင်းတွေကတစ်ခုမှမရတော့ဘဏ်တွေကလည်း ပိုက်ဆံထုတ်လို့ မရဘူး။ လုပ်ငန်းခွင်ကလုပ်သားတွေလည်းတချို့ကားလိုင်းတွေမထွက်တော့ လာလို့မရတဲ့အခြေအနေတွေရှိတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်တဲ့အတွက် နောက်နေ့မှာဘာဆက်လုပ်ရမယ်ဆိုတာ စောင့်ကြည့်နေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒီနေ့တစ်ရက်တော့ ဆိုဒ်တွေကိုခဏရပ်ထားတယ်''ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားသော်လည်းအဆိုပါအခြေအနေများအပေါ် ဆောက်လုပ်ရေးကဏ္ဍနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့်အစည်းအဝေးများ၊ ညှိနှိုင်းဆွေးနွေးမှုများ လတ်တလောတွင်ပြုလုပ်သွားရန်လည်း အစီအစဉ်မရှိသေးကြောင်းလည်း ၎င်းကဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များသည် နေ့စားအလုပ်သမားများဖြင့် လုပ်ကိုင်နေကြသော လုပ်ငန်းခွင်များဖြစ်ရာ နေ့စဉ် ငွေလည်ပတ်ရေးအတွက်ဘဏ်များမှ ငွေအထုတ်အသွင်းများ နေ့စဉ်ပြုလုပ်နေကြရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်