ပြည်တွင်းMask စျေးကွက်ထက်ဝက်နီးပါး ကျဆင်းပြီးကုန်တင်ယာဉ်များ ရပ်နားမှုကြောင့် တင်ပို့ရခက်ခဲနေ

ပြည်တွင်းMask စျေးကွက်ထက်ဝက်နီးပါး ကျဆင်းပြီးကုန်တင်ယာဉ်များ ရပ်နားမှုကြောင့် တင်ပို့ရခက်ခဲနေ

ပြည်တွင်း Mask အရောင်းအဝယ်ဈေးကွက်မှာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီးနယ်စပ်တွင်ကုန်တင်ယာဉ်များ ရပ်နားမှုကြောင့်တင်ပို့ရခက်ခဲမှု ရှိလာကြောင်းပြည်တွင်း Mask ဖြန့်ချိနေသောလုပ်ငန်းရှင်များက ပြောသည်။

ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကကျသော ကုန်တင်ယာဉ်များသည် Civil Disobedience movenment (CDM) တွင်ပါဝင်မှုကြောင့် ကုန်ပို့ဆောင်ရေးကဏ္ဍတွင်ထိခိုက်မှုရှိလာသည်။

''ဒီကာလမှာ အရောင်းအဝယ်အတော်ကျသွားတယ်။ လာဝယ်ကြတာတော့ရှိတယ်''ဟု ရန်ကုန်အခြေစိုက် Mask ဖြန့်ချိရောင်းချသူ ဦးအေးကျော်က ပြောသည်။လက်ရှိပြည်တွင်း ဈေးကွက်အတွင်း Mask အရောင်းအဝယ်အခြေအနေသည် COVID-19 ကာလဒုတိယလှိုင်း အခြေအနေများထက် ၅ဝ ရာခိုင်နှုန်းနီးပါး အရောင်းအဝယ်ကျဆင်းသွားခဲ့သလို အခြားကျန်းမာရေးအသုံးအဆောင်များဖြစ်သည့် PPE ဝတ်စုံများ၊ လက်အိတ်၊ကျန်းမာရေးပစ္စည်းများမှာ အရောင်းအဝယ်လုံးဝမရှိသလောက်ဖြစ်လာသည်ဟု ဦးအေးကျော်က ဆိုသည်။

မူဆယ်နယ်စပ်(၁ဝ၅)မိုင်တွင် Mask နှင့် COVID-19 ကာကွယ်ရေးဆိုင်ရာ ပစ္စည်းအများစုတင်ကျန်နေပြီး ကုန်တင်ယာဉ်အများစုမှာပြေးဆွဲခြင်း မရှိတော့သည့်အတွက်တခြားမြို့များကို ပို့ဆောင်ရခက်ခဲနေသလို ဘဏ်လုပ်ငန်းစဉ်များ၊ ငွေလွှဲငွေပို့ခက်ခဲမှုကြောင့်ငွေကြေးလွှဲပြောင်းရခက်ခဲကြောင်း မူဆယ်အခြေစိုက်ြျေု ဖြန့်ချိသည့်လုပ်ငန်းရှင်က ဆိုသည်။လက်ရှိနိုင်ငံရေး အခြေအနေကာလတွင်ရန်ကုန် Mask ဈေးကွက်မှာ နဂိုရောင်းအားထက် ၄ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။

ကုန်တင်ယာဉ်များ အများစုသည် Civil Disobedience movenment (CDM) လုပ်ဆောင်နေမှုမှာ ငါးရက်ကျော် ရောက်ရှိလာနေပြီးကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုရှိလာနေသည်ဟု လုပ်ငန်းရှင်တို့ကပြောထားသည်။

''လက်ရှိကားတွေက CDM လုပ်နေတော့(၁ဝ၅)မိုင်မှာပုံနေတယ်။ ဈေးတော့မတက်ဘူး။ပုံမှန်ဆိုဒီလိုပိတ်ရင် ဈေးတက်ရမှာလေ။ အခုဈေးမတက်ဘူး။ ဒီမှာလည်းမရောင်းရဘူး''ဟုမူဆယ်မှလုပ်ငန်းရှင်က ဆိုသည်။

လက်ရှိဈေးကွက်တွင် Mask အခု ၅ဝပါတစ်ဘူးလျှင် လက်ကားဈေး ကျပ် ၇၆ဝ ခန့်ရှိပြီး ပြင်ပဈေးကွက်တွင် ကျပ် ၁ဝဝဝ မှ၁၂ဝဝဝန်းကျင်တွင်ရှိသည်။ လုပ်ငန်းများ၊ စက်ရုံများသည် လက်ရှိနိုင်ငံရေး အခြေအနေများကြောင့်ရပ်နားနေသဖြင့် Mask ဈေးကွက်အပေါ်အကျိုးသက်ရောက်လာခြင်းဖြစ်သည်။ လူအများလမ်းပေါ်ထွက်လာကြသော်လည်း Mask အဝယ် လျော့ကျလျက်ရှိနေသည်ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

ဈေးကွက်တွင်ရှိသော Mask အများစုမှာသိုလှောင်ထားသည်များကို ရောင်းချနေကြခြင်းဖြစ်သည့်အတွက် လာမည်အပတ်အတွင်း လက်ကျန်လျော့ကျလာဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်