MMIA အသင်းက အစိုးရဌာနအသီးသီးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ဟုဆို

MMIA အသင်းက အစိုးရဌာနအသီးသီးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ဟုဆို

မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း(MMIA) အနေနှင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးပြဿနာများနှင့် ပတ်သက်၍ လွန်စွာစိတ်မကောင်းဖြစ်ရပြီးအသင်းနှင့် အသင်းသားများ၏ သဘောဆန္ဒအရအစိုးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့် အချက်ကိုအသင်းမှ ဆောင်ရွက်ခြင်းပြုတော့မည်မဟုတ်ကြောင်းထုတ်ပြန် ကြေညာလိုက်သည်။

MMIA အသင်းအနေနှင့်စတင်တည်ထောင်သည့်အချိန်မှစ၍အသင်းသားများ၏အကျိုးစီးပွားတိုးတက်စေရန်နှင့်နိုင်ငံတော်ဘဏ္ဍငွေအပြည့်အဝရရှိရေးအတွက်ကြိုးစားဆောင်ရွက်ပေးခဲ့သော်လည်းယခုအခါ အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာတစ်နိုင်ငံလုံးရှိအသင်းဝင်ဆိုင်ကြီးများ၏ သဘောဆန္ဒအရ MMIA အသင်းသည် အသင်းသားများ၏ အကျိုးစီးပွားတိုးတက်ရေးတစ်ခုတည်းကိုသာဆောင်ရွက်သွားမည်ဟုသိရသည်။

“ဒါကတော့ အမတို့ အားလုံးစုပေါင်းပြီးတော့ အသင်းချုပ်ကနေသဘောထားမှတ်ချက်တွေထုတ်တာဖြစ်ပါတယ်။ အသင်းကတော့ နိုင်ငံတော် ဘဏ္ဍာအခွန်တွေရှာပေးတာမဟုတ်ပေမယ့် အိုင်တီသမားတွေမိုဘိုင်းသမားတွေက test တွေကိုနိုင်ငံတော် level အထိရောက်အောင် လုပ်ဆောင်ပေးခဲ့တယ်။ ဒါမျိုးတွေကိုပူးပေါင်းလုပ်ဆောင်ပေးတာခဲ့တာကိုဆိုလိုတာဖြစ်ပါတယ်။ အမတို့ မိုဘိုင်းမှာဆိုရင် ၃၀၀ ကျော်လောက် အသင်းသားရှိတယ်။စာရင်းအတိအကျတော့ မသိဘူး”ဟု MMIA အသင်းဝင် လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်

ထို့ကြောင့် အသင်းအနေနှင့် နောက်ပိုင်း အထက်ပါပူးပေါင်းဆောင်ရွက်မှုများကိုအစိုးရဌာနအသီးသီးနှင့်ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဆိုသည့်အချက်ကိုမှုဆောင်ရွက်ခြင်းပြုတော့မည်မဟုတ်ကြောင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးကိရိယာများတင်သွင်းမှုပေါ်အခွန်ကောက်ခံရာတွင် ယခင်ကတစ်နှစ်လျှင် ပျမ်းမျှ ၂ ဘီလီယံခန့်သာရရှိခဲ့ရာမှာ ၂၀၁၉ ခုနှစ်တွင် လက်လီလုပ်ငန်းရှင်းများကိုအစုအဖွဲ့အနေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကညှိနိူင်းပေးခြင်း၊ မိုဘိုင်းတယ်လီဖုန်းဟန်းဆက်များပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချမှုများပြုလုပ်ခဲ့ခြင်းကြောင့် အခွန်ဘဏ္ဍတိုးတက် ရရှိခဲ့ကြောင်းသိရသည်။

ယင်းပြင်လက်ရှိဖြစ်ပေါ်တပ်မတော်မှ နိုင်ငံတော် အာဏာလွှဲပြောင်းယူခြင်းကိုကန့်ကွက်ကြောင်းစာများကိုမြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံကုန်သေတ္တာမော်တော်ယာဉ်များအသင်း၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအလှကုန်အသင်း၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ရှမ်းပြည်နယ်လက်လီလက်ကားရောင်းချသူများအသင်းနှင့် အခြားသောစီးပွားရေးလု်ပငန်းရှင်များအသင်းတို့မှ ပြည်သူရွေးချယ်တင်မြှောက်ထားသောအစိုးရကိုသာပြည်သူအများသဘောဆန္ဒနှင့် အတူရပ်တည်ကြောင်းထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်