နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်စာ ပါဝင်အားဖြည့်နေတယ်ဆိုတဲ့ G Fatt

နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်စာ ပါဝင်အားဖြည့်နေတယ်ဆိုတဲ့ G Fatt

ပရိသတ်အားပေးမှုများစွာ ရရှိထားသော တေးရေးတေးဆို G Fatt သည် မိမိနိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်စာ ပါဝင်အားဖြည့်နေကြောင်း သိရသည်။

“ချေကွေဗားရား လက်သစ်တွေ တိုက်စစ်ဖွင့်ကြတော့ ငါတို့မျိုးဆက်လည်း ထပ်ချပ်မခွာ တံတိုင်းဆောက်ရတော့တာပါပဲ ယောက်ဖရေ .. မင်းတို့ငါတို့ ဖတ်ဖူးတဲ့သမိုင်းတွေကို မင်းတို့ငါတို့လက်တွေ့ဖြတ်သန်းကြရတဲ့အခါ အုပ်လေးတစ်ချပ် သဲလေးတစ်ပွင့်ဆိုတာထက်တော့ ပိုသင့်တယ်မလား?နေနိုင်သူတွေကိုတော့ ထားလိုက်ပါတော့ကွာ ။ မနေနိုင်သူတွေနဲ့ ရှေ့ဆက်ကြတာပေါ့ ။ အမေက ငိုတယ်ကွ ငါ့ကို စိတ်ပူလို့တဲ့။ ငါလည်း ငိုတယ်ကွ ငါ့တူလေး အနာဂတ်ကိုစိတ်ပူလို့ ” ဟု အဆိုတော် G Fatt က၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

၎င်းသည် လက်ရှိတွင် ပြည်သူနှင့်အတူ မြန်မာ့ဒီမိုကရေစီ လွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော် တောင်းဆိုနေလျက်ရှိသည်။

G Fatt သည် တူဖြစ်သူ အနာဂတ်အပြင် နောက်မျိုးဆက်သစ်အနာဂတ်အတွက် စိတ်ပူနေကာ နေ့စဉ်နေ့တိုင်း လမ်းမပေါ်ထွက် ဂီတအနုပညာ မောင်နှမများနှင့်အတူ ဆန္ဒပြနေကြောင်း သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်