မြဝတီမြို့တွင် ၁၃ ရက်မြောက်နေ့အဖြစ် ပြည်သူများ ဆက်လက်ဆန္ဒထုတ်ဖော်

မြဝတီမြို့တွင် ၁၃ ရက်မြောက်နေ့အဖြစ် ပြည်သူများ ဆက်လက်ဆန္ဒထုတ်ဖော်

မြဝတီမြို့တွင် ၁၃ ရက်မြောက်နေ့အဖြစ် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများကိုဆရာတော်တစ်ပါး လာရောက်ပြီးခေါက်ဆွဲကြော်ထုတ်များ လာရောက်လှူဒါန်းပေးခဲ့သည်။ ဖေဖော်ဝါရီ ၁၉ရက် နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်ကမြဝတီမြို့အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင်ပြည်သူများ စုဝေးရောက်ရှိကြပြီးကျောင်းသူကျောင်းသားဟောင်းများပါဝင်ကာ အင်အား ၁ဝဝဝ ခန့်ကဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ ရုံးမတက်နဲ့ရုန်းထွက်၊စစ်အာဏာရှင်စနစ် ကျဆုံးပါစေ အစရှိသည့် စာတန်းပါဗွီနိုင်းများကိုကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

''ကျွန်တော်တို့ကို မနေ့ကတာဝန်ရှိသူတွေလာရောက်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်သူတွေကို လာရောက်တားဆီးခဲ့ကြတယ်။ ဒါပေမဲ့ ပြည်သူတွေကစစ်အာဏာရှစ်စနစ်ကို အလိုမရှိတာကြောင့် အာဏာရှင်စနစ်ကိုအမြစ်ပြတ်တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်၊ကျွန်တော်တို့မျိုးဆက်မှာ အာဏာရှင်စနစ်ဆိုတာ မရှိစေရဘူး။ ဒါကြောင့်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့ ကျွန်တော်တို့လူငယ်တွေမှာတာဝန်ရှိတယ်'' ဟု ဆန္ဒထုတ်ဖော်သူအသက်(၃ဝ) အရွယ် လူငယ်တစ်ဦးကပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် နံနက်၉ နာရီ ၄၅ မိနစ်တွင် စုရပ်ဖြစ်သောအမှတ်(၁)ရပ်ကွက် အထကခွဲကျောင်းရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း ကြွေးကြော်သံများဖြင့် မြဝတီမြို့တွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်