အမေရိကန်ပြန်လာပြီဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

အမေရိကန်ပြန်လာပြီဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်ရန်အတွက် အမေရိကန်ပြန်လာပြီဖြစ်ကြောင်းနှင့် အတ္တလန္တိတ် မဟာမိတ်နိုင်ငံများ အကြား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး အစရှိသော ကဏ္ဍ ပေါင်းစုံတွင် အမေရိကန်နိုင်ငံက ပြန်လည်ဦးဆောင် ပါဝင်လာတော့မည် ဖြစ် ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြော ကြားခဲ့သည်။ 

မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံ နှစ်ပတ်လည်အခမ်းအနားသို့ အွန်လိုင်းမှတစ်ဆင့် အမှာစကားပြောကြားရာ၌ အမေရိကန်ပြန်လာပြီဖြစ် ကြောင်းကို ဂျိုးဘိုင်ဒင်က အတိအလင်း ပြောကြားခဲ့သည်။

‘’ကမ္ဘာကြီးကို ရှင်းလင်းပြတ်သားတဲ့ စကားတစ်ခွန်း ပြောချင်ပါတယ်။ အမေရိကန် ပြန်လာပါပြီ။ အတ္တလန္တိတ်မဟာမိတ် ဆက်ဆံရေး ပြန်လာပါပြီ။ အမေရိကန်ဟာ ဥရောပနဲ့အတူ ပြန်လည်စေ့စည်ညှိနှိုင်းရေးတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ခင်ဗျားတို့နဲ့ တိုင်ပင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ စိတ်ချယုံကြည်ရနိုင်တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုကို တစ် ဖန်ပြန်ရဖို့အတွက် စိတ်ပိုင်းဖြတ်ထားပါတယ်’’ ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်ပထမ မူဝါဒကိုကျင့်သုံးခဲ့ခြင်းကြောင့် မဟာမိတ်များနှင့် ဆက်ဆံရေး မပြေလည်မှု များရှိခဲ့ပြီးနောက် အပြန်အလှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုအပေါ် တွင် ကြိုဆိုထောက်ခံကြောင်း ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ပြောကြားခဲ့သည်။