အကြမ်းဖက်ဖြိုခွင်းမှုရှောင်ရှားရန် မြန်မာစစ်တပ်ကို အမေရိကန် တိုက်တွန်း

အကြမ်းဖက်ဖြိုခွင်းမှုရှောင်ရှားရန် မြန်မာစစ်တပ်ကို အမေရိကန် တိုက်တွန်း

ငြိမ်းချမ်းစွာစုဝေးဆန္ဒပြနေသူများအပေါ်တွင် အကြမ်းဖက်ဖြိုခွင်းမှုများ ရှောင်ရှားရန်နှင့် မြန်မာစစ်ကောင်စီအနေဖြင့် ထိန်းသိမ်းထားသော အာဏာကို ချက်ချင်းစွန့်လွှတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော် ပြသည်။ 

ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် မြန်မာစစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုများကို ကိုင် တွယ်ရာတွင် အကြမ်းဖက်မှုများ ရှောင်ရှားရန် တိုက်တွန်းကြောင်း အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ပြော ကြားခဲ့သည်။

‘’မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြနေသူတွေအပေါ်မှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ရှောင်ရှားပေးဖို့ ကျွန်တော်တို့ ထပ်လောင်း ပြော ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်ရှိဆောင်ရွက်ချက်တွေ နောက်ဆုတ်သွား စေဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းပြီး ဖိအားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု နက်ဒ်ပရိုက်စ်က ပြောဆိုခဲ့ကြောင်း ရိုက် တာသတင်းဌာနက ဖော်ပြသည်။

ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော အမျိုးသမီးငယ်တစ်ဦး သေဆုံးသည့် သတင်းကို နေပြည်တော်ရှိ ဆရာဝန်တစ်ဦးက အတည်ပြုခဲ့ကြောင်း ရိုက် တာသတင်းဌာနက ဖော်ပြသည်။ မမြသွဲ့သွဲ့ခိုင်အမည်ရှိ အသက် ၂၀ အ ရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဦးခေါင်းတွင် ကျည်ဆံထိမှန်ခဲ့ပြီးနောက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံရှိ အထူးကြပ်မတ် ကုသဆောင်၌ တက် ရောက်ဆေးကုသခဲ့သော်လည်း ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

Source-Reuters