နိုင်ငံအရှေ့မြောက်နှင့် အရှေ့ကမ်းလွန်တို့၌ စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ထုတ်ပြန်

နိုင်ငံအရှေ့မြောက်နှင့် အရှေ့ကမ်းလွန်တို့၌ စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ထုတ်ပြန်

ဒေသတွင်း တင်းမာမှုများ ရှိလင့်ကစား စက်တင်ဘာ ၇ ရက်မှ စတင်ပြီး နောက်ထပ် စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံအရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းကမ်းရိုး တန်းဒေသများတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောဆိုခဲ့သည်။ 

ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို ချင်ဟောင်တောက်ဆိပ်ကမ်းမြို့၏ အရှေ့မြောက်ဘက် ဘိုဟိုင်း ပင်လယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း ပင်လယ်ရေကြောင်းသွားလာမှု လုံခြုံ ရေးစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၇ တွင် ပြောဆိုသည်။

ဒုတိယ လေ့ကျင့်မှုတွင် ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကာ လျန်ယွန်အင်းမြို့၏ ကမ်းလွန် ပင်လယ်ဝါတောင်ပိုင်း၌ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှု ဧရိယာအတွင်းသို့ အခြား သော ရေယာဉ်များ ဝင်ရောက်မှုကို တားမြစ်ထားပြီးဖြစ်သည်။

လွန်ခဲ့သောလတွင် တရုတ်သည် ဘိုဟိုင်းပင်လယ်မှ ပယ်လယ်ဝါနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အထိ နေရာများတွင် စစ်ရေးလေ့ကျင့်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု များကို မကြာခဏ ပြုလုပ်လေ့ရှိပြီး တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်၏ စစ်ရေးအရ အကြိမ်ကြိမ်လှုပ်ရှားမှုများကို အကြောင်းပြပြောဆိုခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် COVID-19 ကပ်ရောဂါ ပျံ့နှံ့ချိန်မှစတင်ပြီး ကုန်သွယ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။

တရုတ်၌ စက်တင်ဘာ ၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၂ ဦးရှိခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ကူးစက်ူသစ် ၁၀ ဦးရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးအာဏာ ပိုင်များက စက်တင်ဘာ ၇ တွင် ထုတ်ပြန်သည်။  ကူးစက်သူသစ်များသည် ပြည်ပမှပြန်လာသူများဖြစ်ပြီး ၂၂ ရက်ဆက်တိုက် ပြည် တွင်းကူးစက်မှု မရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။ တရုတ်၌ COVID-19 ကူးစက်သူ ၈၅၁၃၄ ဦးရှိနေပြီး သေဆုံးသူမှာ ၄၆၄၃ ဦးမှ တိုးလာခြင်းမရှိသေးချေ။