မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး ံရှ ွမသကစ က စီစဉ်ကျင်းပသော မြန်မာ့ရိုးရာ
လက်ဝှေ့စိန်ခေါ်ပွဲကို ပြီးခဲ့သည့်ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့၊ ပြည်သူ့
ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင် ငါးချီပွဲစဉ် ငါးပွဲ၊ လေးချီပွဲစဉ်တစ်ပွဲနှင့် အထူးသုံးချီ စိန်ခေါ်ပွဲစဉ်
တစ်ပွဲပါ၀င်ခဲ့ သည်။ အဓိကတွဲဆိုင်းအဖြစ် ထွန်းထွန်းမင်း(မုဒုံသား)နှင့် စောရန်ပိုင် (ဘိလပ်မြေ
စက်ရုံ) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး သရေပွဲစဉ်အဖြစ်သာ ပြီးဆုံးခဲ့ သည်။(၂၇)ကြိမ်မြောက်
ဆီးဂိမ်း ရွှေတံဆိပ်ဆုရှင် ထွန်းထွန်းမင်း ကို စောရန်ပိုင်က စိန်ခေါ်ထိုးသတ် ခဲ့ခြင်းဖြစ်ပြီး
ထွန်းထွန်းမင်းက အပြတ်အသတ် အသာရခဲ့သော်လည်း မာဂုဏ်မြင့်သော စောရန်ပိုင်ကို အလဲ
ထိုး အနိုင်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ထွန်းထွန်းမင်း၏ အားပါသော ခြေကန်ချက် များ၊ လက်သီးတွဲလုံးများနှင့် ဒူး၊ တံတောင် ရိုက်ချက်
များကို ငါးချီစလုံး ကာကွယ်နေရ သော စောရန်ပိုင်သည် တိုက်စစ်ဆင်ချိန်မရပဲ အလူးအလဲခံခဲ့
ရသည်။
ပရိသတ်များက ထွန်းထွန်းမင်းကို အလဲထိုးဖြင့် အနိုင်ရရှိ မည်ဟု ခန့်မှန်းထားခဲ့သော်လည်း
သရေပွဲစဉ် ဖြင့်သာ ပြီးဆုံးခဲ့သည်။ စောရန်ပိုင်သည် လက်ဝှေ့ပညာနှင့် အတွေ့အကြံုပိုင်းတွင်
ထွန်းထွန်းမင်းကို မယှဉ်နိုင်ခဲ့သော်လည်း အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်နှင့် ကြံ့ခိုင်မှု အပိုင်းကို
အသိအမှတ်ပြုရမည်ဖြစ်သည်။
"ဒီသရေရလဒ်ကို ကျွန်တော်ကိုယ်တိုင် မကျေနပ်သလို ကျွန်တော့်ပရိသတ် တွေလည်း
ကျေနပ်ကြမယ်လို့မထင်ပါဘူး။ သူ့ရဲ့ ခံနိုင်ရည်အားကိုတော့ ကျွန်တော် အသိအမှတ်ပြုပါတယ်။
ကျွန်တော် ငါးချီစလုံး တိုက်စစ်ဆင်ထိုးသတ်ခဲ့ပေမယ့် သူ့ကို လဲကျသွားအောင် မစွမ်းဆောင်နိုင်
ခဲ့ပါဘူး။ ကျွန်တော်နောက်ပွဲတွေကို ဒီထက်ပို ကြိုးစားလေ့ကျင့်ပြီး နိုင်ပွဲတွေရအောင် ထိုးသတ်
သွားမှာပါ"ဟု ထွန်းထွန်းမင်း (မုဒုံသား)က မြန်မာတိုင်း(မ်) ကို ပြောသည်။
(၃)ချီပွဲစဉ်အဖြစ် ထွန်းနိုင်ဦး (အဖြူရောင် သွေးသစ်)နှင့် ဖြူလေး(မုဒုံသား) တို့၏ ပွဲစဉ်တွင်
ပထမအချီနှင့် ဒုတိယ အချီများ တွင် ထွန်းနိုင်ဦးက ဖြူလေးကို အနည်းငယ် အသာရခဲ့ပြီး
ဒုတိယအချီတွင် ဖြူလေးက အမှတ် စဉ်တစ်ကြိမ်ရေတွက် ခံခဲ့ရသည်။ နောက်ဆုံး အချီတွင်
နှစ်ယောက်စလုံး ထိုးအားကျသွားခဲ့ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။ ဒုတိယ မြောက်ပွဲစဉ်
တွင် ၀ါရင့်လက်ဝှေ့ သမားဇော်ဇော် (အဖြူရောင်သွေး သစ်)နှင့် နိုင်ငံခြားသားလက်ဝှေ့ ၀ါသနာ
ရှင် Ian Diamond (ခေါ်) စောရဲဒင်း (သတ္တိ)တို့က အထူးစိန်ခေါ် ပွဲအဖြစ်သုံးချီယှဉ်ပြိုင်ထိုး
သတ်ခဲ့ကြပြီး သရေ ပွဲစဉ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
တတိယမြောက် ပွဲစဉ်ဖြစ်သည့် အားမာန် (T&T)နှင့် သားအသဲတစ်ပွင့် (YGWမန္တလေး)တို့၏
ပွဲစဉ်သည် အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲကြီး၏ အကြိတ်အနယ်အရှိဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ပရိသတ်၏
လက်ခုပ်သံများစွာဖြင့် သွေးဆူစေခဲ့သောပွဲဖြစ်သည်။ သက်တူ၊ ရွယ်တူ၊ အလုံးအဖန် မတိမ်း
မယိမ်းဖြစ်သော ပြိုင်ဘက် များဖြစ်သလို လက်ဝှေ့ပညာချင်းလည်း သိပ် မကွာသော ပွဲစဉ်ဖြစ်ပြီး
ပရိသတ်များအတွက် ကျေနပ်စေခဲ့သလို အနိုင်အရှုံး အဖြေပေါ်ခဲ့ သည့် တစ်ပွဲတည်းသော ပွဲစဉ်
ဖြစ်သည်။
ပထမအချီအစပိုင်းတွင် သားအသဲတစ်ပွင့်၏ လက်သီးထိုးချက်များ အားမာန်၏ မျက်နှာ တစ်ပြင်
လုံး ဖူးယောင်ကိုင်းစေခဲ့သည်။ သို့သော် မာဂုဏ်မြင့်သော အားမာန်ကို အလဲထိုးနိုင် လောက်သော
တိုက်ကွက်များကို သားအသဲ တစ်ပွင့် မသုံးနိုင်ခဲ့ပေ။ ဒုတိယအချီတွင် အားမာန်၏ တိုက်ကွက်များ
အောက်သို့ သား အသဲတစ်ပွင့် ရောက်ရှိသွားခဲ့ပြီး အလူးအလဲ ကာကွယ်ခဲ့ရသည်။
တတိယအချီနှင့် စတုတ္ထ အချီများသည် ပြိုင်ပွဲ၏ အကြမ်းတမ်းဆုံး အခြေအနေသို့ ရောက်သွား
ခဲ့ပြီး နှစ်ဦးစလုံး အထိနာခဲ့ကြသည်။ အားမာန်၏ လက်သီး တွဲလုံးများကို ခံစားခဲ့ရသော
သားအသဲတစ်ပွင့် သည် စတုတ္ထအချီ ၁ မိနစ်နှင့် ၅၁ စက္ကန့်တွင် ပြန်မထလာနိုင်တော့ပဲ
အားမာန်က အလဲထိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်တိုင်းကျော်(၀ါဆို)နှင့် စောကျားလေး
(ဘိလပ်မြေစက်ရုံ) တို့၏ ငါးချီပွဲစဉ်တွင် ပွဲအတွေ့အကြံုရင့်သော ရန်တိုင်းကျော် (၀ါဆို)က
အသာရခဲ့သော်လည်း အလဲထိုးနိုင်ခြင်းမရှိ၍ ပူးတွဲသရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
ရဲမြတ်အောင် (အဖြူရောင်သွေးသစ်) နှင့် ရဲရင့်ထွန်း(မုဒုံသား)တို့၏ ပွဲစဉ်တွင် ရဲမြတ်အောင်က
အစွမ်း ကုန် တိုက်စစ်ဆင်ကစားနိုင်ခဲ့သော်လည်း ရဲရင့်ထွန်းကို အလဲထိုးနိုင်လောက်အောင်
မစွမ်းဆောင်နိုင်ခဲ့ဘဲ သရေပွဲစဉ်သာ ပြီးခဲ့ သည်။ လေးညှို့ရှင်(သတ္တိ)နှင့် ရဲတံခွန် (အလင်း
ရောင်)တို့၏ ပွဲစဉ်တွင် ရဲတံခွန်က ချုပ်ဒူးတိုက် ချက်များ၊ ခြေကန်ချက်များ၊ လက်သီးထိုးချက်
များဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း မာဂုဏ် မြင့်သော လေးညှို့ရှင်၏ ထောက်လက်သီးများ
ကြောင့် နှစ်ဦးစလုံးအထိနာခဲ့ပြီး ပွဲသိမ်း တိုက်ကွက် မရှိခြင်းကြောင့် အလူးအလဲဖြင့် ပူးတွဲသရေ
ပွဲစဉ်သာဖြစ်ခဲ့သည်။
တွဲဆိုင်း(၇)ဆိုင်းပါ၀င်ခဲ့သော ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် တွဲဆိုင်းခြောက်ဆိုင်း က သရေဖြင့်
သာ ပြီးဆုံးခဲ့ ပြီးပွဲစဉ်တစ်ပွဲသာ အနိုင်အရှုံးအဖြေပေါ်ခဲ့သည်။















