လာမည့်မေလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပပြုလုပ်မည့်
AFC Challenge Cup 2014 ပြိုင်ပွဲအတွက် ပဏာမမြန်မာ့လက်ရွေးစင်ကစားသမား ၂၅ ဦးကို မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အေဗရာမိုဗစ်က ရွေးချယ်၍ပြီးခဲ့သည့် ဧပြီလ
၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့တွင် လက်ထောက်နည်းပြအဖြစ် ဦးစိုးမြတ်မင်း
(ကမ္ဘောဇ)နှင့် ဂိုးနည်းပြအဖြစ် ဦးအောင်ကျော် ကျော်(ဧရာဝတီယူနိုက်တက်) တို့ကို
လည်း ရွေးချယ်ထားသည်။ ပဏာမလက်ရွေးစင်ကစားသမားများနှင့် လက်ထောက်နည်း
ပြနှစ်ဦးသည် လာမည့် ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်
သည်။
ပဏာမလက်ရွေးစင်လူစာရင်းတွင် ရန်ကုန် ယူနိုက်တက်အသင်းမှ ကစားသမားကိုးဦးအထိ
ပါ၀င်ခဲ့ပြီး ရတနာပုံအသင်းမှငါးဦး၊ ဧရာဝတီ ယူနိုက်တက်အသင်းမှ သုံးဦးနှင့် နေပြည်တော်၊
မကွေး၊ ဆောက်သမ်းမြန်မာ၊ ချင်းယူနိုက်တက်၊မနောမြေ၊ ဟံသာဝတီယူနိုက်တက်၊ ဇွဲကပင်၊
ဇေယျာရွှေမြေအသင်းများမှ ကစားသမား တစ်ဦးစီ ပါ၀င်သည်။ ပဏာမရွေးချယ်ထားသော
ကစားသမားများ သီဟစည်သူ(ရတနာပုံ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ Vanial Hruaia (နေပြည်
တော်)၊ ရန်အောင်လင်း (ဟံသာဝတီယူနိုက်တက်)၊ အောင်ဟိန်းကျော်(ဇေယျာရွှေမြေ)၊
ဇော်မင်းထွန်း(ရတနာပုံ)၊ ပြည့်ဖြိုးအောင်(ရန်ကုန် ယူနိုက်တက်)၊ အောင်ဇော်(ရန်ကုန်
ယူနိုက်တက်)၊ ရဲဝင်းအောင်(ရတနာပုံ)၊ စည်သူအောင် (ရန်ကုန်ယူနိုက်တက်)၊ သိန်းဇော်(ဇွဲကပင်)၊ အောင်သိုက်(ရန်ကုန်ယူနိုက်တက်)၊ ဒေးဗစ်ဒန်း(ရန်ကုန်ယူနိုက်တက်)၊
ခင်မောင်လွင် (ရန်ကုန်ယူနိုက်တက်)၊ ရန်အောင်ကျော် (ရန်ကုန်ယူနိုက်တက်)၊ မင်းမင်းသူ
(ဧရာဝတီ ယူနိုက်တက်)၊ နေလင်းထွန်း(ဧရာဝတီယူနိုက်တက်)၊ ကျော်မင်းဦး(ဧရာဝတီယူနိုက်
တက်)၊ ငြိမ်းချမ်းအောင်(မနောမြေ)၊ ချစ်စုမိုး (ချင်း ယူနိုက်တက်)၊ ရဲအောင်(ဆောက်သမ်းမြန်မာ)
၊ ရာဇာဝင်းသိန်း(ရန်ကုန်ယူနိုက်တက်)၊ ကောင်း စည်သူ(ရတနာပုံ)၊ ကျော်ကိုကို(ရန်ကုန်ယူနိုက်
တက်)၊ ရန်ပိုင်(ရတနာပုံ) တို့ဖြစ်သည်။














