၂၀၁၄ မြန်မာအိုးပင်း ထိုင်းတင်းနစ်သမားဗိုလ်စွဲ

၂၀၁၄ မြန်မာအိုးပင်း ထိုင်းတင်းနစ်သမားဗိုလ်စွဲ

မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့ သော ၂၀၁၄ ခုနှစ် Myanmar Open Tennis
ပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့ အထိ ရန်ကုန်မြို့၊ သိမ်ဖြူတင်းနစ်ကွင်းတွင်
ကျင်းပပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံသား Danai Udomchoke က အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်တွင် ထိုင်းနိုင်ငံသား Danai Udomchoke နှင့် အင်ဒိုနီးရှား နိုင်ငံသား Christopher
Rungkat တို့ တွေ့ဆုံခဲ့ကြပြီး Danai Udomchoke က ၆-၁၊ ၆-၁ ဖြင့် အပြတ် အသတ်အနိုင်ရ
ယူကာ ၂၀၁၄ ခုနှစ် Myanmar Open Tennis ပြိုင်ပွဲ၏ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား လေးဦး၊ အင်ဒို နီးရှားနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးပါ၀င်
ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံသား ထဲတွင် အောင်ကျော်နိုင်တစ်ဦးသာ ကွာတား ဖိုင်နယ်အဆင့်သို့
တက်ရောက်နိုင်ခဲ့သည်။ အမျိုးသားအလွတ်တန်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် Danai Udomchoke
နှင့် Christopher Rungkat တို့အတွဲက ပထမ၊Nattan Benjasupawan နှင့် Perakiat Sirilue
thai-wattana တို့အတွဲက ဒုတိယ၊ David Agung Susanto နှင့် Aditya Hari Sasongko တို့
အတွဲနှင့် မြန်မာနိုင်ငံမှ မင်းမင်းနှင့် အောင် ကျော်နိုင်တို့အတွဲက ပူးတွဲတတိယရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ်မှ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော ပြိုင်ပွဲတစ်ခု
ဖြစ်ပြီး ယခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံခြားသားကစားသမားများ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြ
သည်။

ပြိုင်ပွဲတွင် အမျိုးသား အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသား အလွတ်တန်း နှစ်ယောက်
တွဲပြိုင်ပွဲ အမျိုးအစား နှစ်မျိုးကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့သည်။ အမျိုးသားအလွတ်တန်း
တစ်ဦးချင်းပြိုင်ပွဲ တွင် ဗိုလ်စွဲသူကို အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့် ဒုတိယဆု ရရှိသူကို
ဒေါ်လာ ၂,၅၀၀၊ အမျိုးသားအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ တွင် ဗိုလ်စွဲသူကို အမေရိကန်
ဒေါ်လာ ၂,၀၀၀ နှင့် ဒုတိယဆုရရှိသူကို ဒေါ်လာ ၁,၀၀၀ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသား အလွတ်တန်း ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ီညေငေ ့ိသာခ့သုန သည် ကမ္ဘာ့အဆင့်
တင်းနစ်ပြိုင်ပွဲ များတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး၂၀၀၆ ခုနှစ်တွင် အာရှချန်ပီယံဖြစ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး