မဟာဗျူဟာကောင်းပြီး နည်းဗျူဟာ အားနည်းတဲ့ မော်ရင်ညို

မဟာဗျူဟာကောင်းပြီး နည်းဗျူဟာ အားနည်းတဲ့ မော်ရင်ညို

ဒီရာသီနား အောင်မိုးဇော် တစ်ကျောပြန် မော်ရင်ညိုတစ်ယောက် ပရီမီ ယာလိဂ်ဖလားကို ပြန်ရယူ
ဖို့ အသံတိတ်နဲ့ ဖြတ်သန်းလာခဲ့ပေမယ့် နောက်ဆုံးသုံးပွဲအလို မှာတင်ပဲ ဒီရာသီနားလိုက်ရတော့
မယ်ဆိုတာ အဖြေပေါ်သွားပြီဖြစ်ပါတယ်။ ဘယ်သူ့အပြစ် လဲ၊ မော်ရင်ညိုအပြစ်ပဲ ဖြစ်ပါတယ်။
သူက ဘယ်တော့မှ ၀န်ခံမှာမဟုတ်ပါဘူး။

အစောပိုင်း ချယ်လ်ဆီးနှစ်များတွေကလောက် အပြောအဆိုပိုင်း သိမ့်မွေ့လာခဲ့တဲ့ မော်ရင်ညိုဟာ
ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ အောက်ဆုံးက ဆန်းဒါးလန်းကို မထင်မှတ်ဘဲ ရှုံးသွားတော့
ရမ်းစရာပစ်မှတ်က ဒိုင်လူကြီးတွေဆီ ဖြစ်သွား ခဲ့ပါတယ်။ သူ့ရဲ့ခံစစ်နည်းဗျူဟာပိုင်းအားနည်း
သွားတယ်ဆိုတဲ့စကားကိုတော့ တစ်ခွန်း တစ်ပါဒမှ ၀န်ခံပြောဆိုသွားခြင်း မရှိခဲ့ ပါဘူး။

ကွင်းလယ်ဒိုင် မိုက်ဒင်းနဲ့ ဒိုင်တွေကို စီမံခန့်ခွဲတဲ့ ဒိုင်ချုပ် မိုက်ရီလေးတို့ကို ခနဲ့တဲ့တဲ့၊ ရိတိတိ
စကားတွေပြောပြီး တိုက်ခိုက်သွား တာက အတော့်ကို ရယ်စရာကောင်း ခဲ့တဲ့ စောဒကလို့ပဲ
သုံးသပ်မိလိုက် ပါတယ်။ သူဒီလို ပြောဆိုလိုက် တော့ ဒီရာသီ ချယ်လ်ဆီးကွင်းမှာ ၀က်စ်
ဘရွန်းအသင်း နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးလိုက်တော့ ၀က်စ်ဘရွန်း ကစားသမားတွေ ၀ိုင်းပြီး စောဒကတက်ကြတော့ နောက်တန်းသမား အော်လ်ဆန်ဟာ ဆိုးဆိုးရွားရွားဖြစ်သွား
ခဲ့ပါတယ်။

အဲဒီမှာ မော်ရင်ညိုဘာပြောခဲ့သလဲ ဆိုတော့ အော်လ်ဆန်က နို့ဆာနေတဲ့ ကလေးတစ်ယောက်နဲ့
တူတယ်လို့ ပြောဆိုသွားခဲ့တာပါ။ ပြီးတော့ အာဆင်နယ်ကွင်းမှာ သရေကစားခဲ့တော့လည်း
အာ ဆင်နယ်က ပင်နယ်တီရနိုင်တဲ့အရာတွေမှာ ဒိုင်က ပင်နယ်တီမပေးလို့ ၀ိုင်းပြီးတောင်းဆို
ကြတော့လည်း မော်ရင်ညိုဆရာကြီးက အာဆင်နယ်ကစားသမားတွေက ကလေးတွေ ကျနေ
တာပဲလို့ ပြောဆိုခဲ့ပါသေးတယ်။

အခုသူအလှည့်ပါ။ ပွဲပြီးခါနီးမှာ ပင်နယ်တီပေးလိုက်ရတော့ ၀က်စ်ဘရွန်းကစားသမားတွေ၊
အာဆင်နယ်ကစားသမားတွေ ခံစားရသလို သူတစ်လှည့် ပြန်ခံလိုက်ရတာပဲဖြစ်ပါတယ်။သူကတော့
နို့ဆာနေတဲ့ကလေးလို ငိုယိုတောင်းဆို တာမျိုးတော့မဟုတ်ပါဘူး။ ငါနဲ့ကိုင်တုတ်တဲ့ ကလေး
တစ်ယောက်လိုမျိုးဖြစ်သွားခဲ့တယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။ ဒိုင်တွေကြောင့်ချယ်လ်ဆီး
အောင်မြင်တာတွေရှိသလို နစ်နာ တာတွေလည်းရှိမှာပါ။ အခြားကလပ်တွေလည်း ထို့အတူပဲ
နစ်နာတာတွေရှိသလို ခံစားရတာ တွေလည်း ရှိနေမှာပဲဖြစ်ပါတယ်။ အဓိက အချက်ကတော့
ကိုယ့်အပေါ်မှာပဲ မူတည်တယ် ဆိုတာကိုတော့ အရွယ်ရင့် မော်ရင်ညို တစ်ယောက်သိတတ်ဖို့
ကောင်းတဲ့အချိန်ပဲ ဖြစ်ပါတယ်။

တကယ်တော့ သူ့ရဲ့မဟာဗျူဟာ က အတော့်ကိုကောင်းခဲ့တာပါ။ ဒါပေမဲ့အသုံးချ နည်းဗျူဟာပိုင်း
မှာ အားနည်းမှုတွေရှိခဲ့တော့ ချယ်လ်ဆီးရဲ့ ပရီမီယာလိဂ်ချန်ပီယံဖလားရယူရေးဆိုတာ ဒီရာသီ
အတွက်တော့ နားလိုက် ရပါတော့မယ်။ ရှေ့နှစ်အတွက်ပဲ မျှော်မှန်းရပါတော့မယ်။ မဟာဗျူဟာ
ကောင်းခဲ့တယ်ဆိုတာ ဘာပါလဲဆိုတော့ သူ့ရဲ့တစ်ရာသီစာ ဖြတ်သန်းမှုအတွက် အမှတ်ရယူထား
နိုင်မှု ချဉ်းကပ်ထားပုံကောင်းခြင်း ဖြစ်ပါတယ်။ ဘယ်အပိုင်းမှာလဲ ဆိုတော့ အဓိကပြိုင်ဘက်တွေ
အပေါ် အမှတ်ရယူထားနိုင်မှုအပိုင်းပဲ ဖြစ်ပါ တယ်။ မော်ရင်ညိုဟာ ဒီရာသီမှာ သူ့ရဲ့အဓိကပြိုင်
ဘက်တွေထံကနေ အမှတ်တွေ အကောင်းဆုံးရယူထား နိုင်ခဲ့ပါတယ်။

အရင်ဆုံး အဓိက ပြိုင်ဘက် မန်စီးတီးကို အိမ်ကွင်းမှာ လည်း နိုင်၊ အဝေးကွင်းမှာလည်းနိုင်
ခြောက်မှတ်ရယူနိုင်ခဲ့ပါတယ်။ ပြီးရင် အာဆင်နယ်ကို အဝေးကွင်းမှာသရေ၊ အိမ်ကွင်းမှာနိုင်
လေးမှတ်၊ မန်ယူကို အဝေးကွင်းမှာ သရေ၊ အိမ်ကွင်းမှာ အနိုင် လေးမှတ်၊ စပါးကို အဝေးကွင်း
မှာသရေ၊ အိမ်ကွင်းမှာအနိုင် လေးမှတ် စသည်ဖြင့် အဓိကအသင်း ကြီးတွေနဲ့ ပွဲတွေမှာ အမှတ်
ယူနိုင်ခဲ့ပါတယ်။



ဖတ်ရှုမှုအများဆုံး