လီဗာပူးကို ရပ်တန့်နိုင်ပါ့မလား ပရီမီယာလိဂ်ပွဲစဉ်(၃၆)

လီဗာပူးကို ရပ်တန့်နိုင်ပါ့မလား ပရီမီယာလိဂ်ပွဲစဉ်(၃၆)

လီဗာပူး -ချယ်လ်ဆီး
ဒီပွဲမှာသာ လီဗာပူးအနိုင်ရလိုက်ရင် ဝေးကွာနေတာကြာပြီဖြစ်တဲ့ ပရီမီယာလိဂ်ချန်ပီယံဖလား ကို လီဗာပူးရဖို့ သေချာသလောက်ဖြစ်သွားပြီဖြစ်ပါတယ်။ နောက်ပြီးချန်ပီယံလိဂ် ကစားထားလို့
ချယ်လ်ဆီးပွဲပန်းနေနိုင်ပါတယ်။ လီဗာပူးကိုအားပေးလိုက်ကြရအောင်။

ဆောက်သမ်တန် - အဲဗာတန်
ဆောက်သမ်တန်နိုင်ပွဲပျောက်သွားတာနှစ်ပွဲရှိပါပြီ။ အဲဗာတန်ကခြေကောင်းနေလို့ အားရစရာဖြစ်
ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာ ဆောက်သမ်တန် ပိုပြီးရှိလာနိုင်တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ အသင်း
မရွေးဘဲ ဂိုးအများကိုရွေးသင့်ပါတယ်။

ဖူလ်ဟမ် - ဟားစီးတီး
ဟားလ်စီးတီး အဝေးကွင်းကစားပုံကအိမ်ကွင်းလောက်မကောင်းပါဘူး။ ဖူလ်ဟမ်က စပါးကို ရှုံးခဲ့
ပေမယ့်အိမ်ကွင်းဖြစ်နေလို့ ကစားအားတင်လာမှာသေချာပါတယ်။ အိမ်ကွင်းမှာ ဂိုးမသွင်းတဲ့ပွဲတစ်
ပွဲသာရှိတဲ့ဖူလ်ဟမ်အနိုင်ရသွားမယ့်ပွဲပါ။

စတုတ် - စပါး
စတုတ်ဟာ အိမ်ကွင်းမှာ ထိပ်တန်းအဆင့်ကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။ စပါးကလည်း အဝေး
ကွင်းမှာ ဂိုးသွင်းအားကောင်းသလိုပေးဂိုးလည်းများတဲ့အသင်းဖြစ်နေပါတယ်။ ဂိုးအများကိုရွေးရ
မှာပါ။

ဆွမ်ဆီး - ဗီလာ
ဆွမ်ဆီးက နယူးကာဆယ်ကို အနိုင်ရလိုက်လို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွား ပါတယ်။
ဗီလာရဲ့ အဝေးကွင်းတိုက်စစ်က သင့်ရုံသာရှိလို့ ဆွမ်ဆီးကွင်းမှာ အနိုင်ရဖို့မလွယ် ပါဘူး။ ဆွမ်ဆီး
ကိုရွေးရမယ့်ပွဲဖြစ်ပါတယ်။

၀က်စ်ဘရွန်း - ၀က်စ်ဟမ်း
၀က်စ်ဘရွန်းအတွက် အလွန်အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းအဝေးကွင်းခံစစ်က အလယ်
အလတ်အဆင့်မှာတော့ ရှိနေပါတယ်။ ခြေသိပ်မကွာတဲ့ အသင်းတွေဖြစ်ပါတယ်။ ဂိုးအပြန်အလှန်
သွင်းဦးမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။

မန်ယူ - နော်ဝစ်ချ်
အခုပွဲမှာ နော်ဝစ်ချ်နဲ့တွေ့နေတာကတော့မန်ယူအတွက်ကံကောင်းမှုပဲဖြစ်ပါတယ်။ နော်ဝစ်ချ်က
အဝေးကွင်းမှာ အညံ့ဆုံးအသင်းဖြစ်နေလို့ပါ။ မန်ယူဂိုးဘယ်လောက်သွင်းမလဲ စောင့်ကြည့်ရမယ့်
ပွဲဖြစ်ပါတယ်။

ဆန်းဒါးလန်း - ကာဒစ်ဖ်
ဆန်းဒါးလန်းရော၊ ကာဒစ်ဖ်ပါ တန်းဆင်းဇုန်ထဲကအသင်းတွေဖြစ်လို့ ဒီပွဲဟာ အကြိတ်အနယ်
ဖြစ်လာပါလိမ့်မယ်။ ကာဒစ်ဖ်ဟာ အဝေးကွင်းမှာ နော်ဝစ်ချ်ပြီးရင် ဒုတိယမြောက်အားနည်းဆုံး
အသင်းဖြစ်ပါတယ်။ ဆန်းဒါးလန်းအနိုင်ရသွားမယ့်ပွဲဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် - မန်စီးတီး
ပဲလေ့စ်ကတော့ ပရီမီယာလိဂ်မှာ တင်ကျန်သွားခဲ့ပြီဖြစ်ပါတယ်။ ခံစစ်ကိုအကောင်းဆုံး
တည်ဆောက်ထားတဲ့ ပဲ့လေ့စ်ဟာ နောက်ဆုံးငါးပွဲမှာ အနိုင်ရထားခဲ့ပါတယ်။ မန်စီးတီး ဒီပွဲနိုင်မှ
ဖြစ်မှာပါ။ မန်စီးတီး ဂရုတစိုက်ကစားမှာဖြစ်လို့ ပဲလေ့စ်ကျမယ့်အချိန်ဖြစ်ပါတယ်။ မန်စီးတီးဂိုးပြတ်
အနိုင်ရပါလိမ့်မယ်။

အာဆင်နယ် - နယူးကာဆယ်
အာဆင်နယ်မှာ လူစုံလာနေပြီဖြစ်ပါတယ်။ ဟာလ်စီးတီးကို အကောင်းဆုံးကစားသွားတာတွေ့ရ
ပါတယ်။ နယူးကာဆယ်ကတော့ ရှုံးပွဲဆက်လို့ကောင်းတုန်းပဲဖြစ်ပါတယ်။ ကစားဟန်ခြင်း လည်း
ကွာခြားပါတယ်။ အာရုံစူးစိုက်မှုအပိုင်းမှာ အာဆင်နယ်ကစားသမားတွေ ပိုပြီးကောင်း မယ့်ပွဲဖြစ်
လာပါလိမ့်မယ်။ အာဆင်နယ်နိုင်မှာ သေချာတဲ့ပွဲဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး