ဗလင်စီယာ - အလက်တီကို
ဒီရာသီမှာ အလက်တီကိုကတော့ ချန်ပီယံ လိဂ်မှာ ခြေစွမ်းပြနေသလို လာလီဂါဘက်မှာ လည်း
တဖြည်းဖြည်းနဲ့ချန်ပီယံဖြစ်ခွင့်အတွက် အခွင့်အရေး ပိုကောင်းလာနေပါပြီ။ အလက် တီကိုဟာ
လာလီဂါအတွက် လက်ကျန်လေးပွဲ သာရှိတော့တဲ့အချိန်မှာ အခုရင်ဆိုင်ရမယ့် ဗလင်စီယာနဲ့ပွဲ
မှာသာ အခြေအနေကောင်းခဲ့ မယ်ဆိုရင် လာလီဂါချန်ပီယံဆုအတွက် အခွင့် အရေးအကောင်းဆုံး
ကို ပိုင်ဆိုင်သွားဖို့လည်း ရှိနေပါတယ်။
ဒုတိယနေရာမှ တစ်ပွဲလျော့ကစားထားတဲ့ ရီးယဲလ်မက်ဒရစ်ကို ခြောက်မှတ်အထိ ဖြတ်ထား နိုင်တဲ့
အပြင် လာလီဂါပွဲစဉ်(၃၈)မှာ ရင်ဆိုင်ရဖို့ရှိနေတဲ့ ဘာစီလိုနာကိုလည်း လေးမှတ်ဖြတ်ထားနိုင်တဲ့
အနေအထားက အလက်တီကိုအတွက် ချန်ပီယံဆုဟာ မသေချာသေးဘူးလို့ ပြောနိုင်ပေမယ့်
ရီးယဲလ်နဲ့အမှတ်တူရင်တောင် ထိပ်တိုက်တွေ့ဆုံမှု အသာရနေတဲ့အနေအထား၊ ဘာစီလိုနာနဲ့ပွဲမှာ
ရှုံးခဲ့ရင်တောင် ကျန်တဲ့သုံးပွဲ ကို အနိုင်ကစားထားနိုင်ခဲ့ရင် ဘာစီလိုနာကို တစ်မှတ်အသာရနေနိုင်
သေးတဲ့ အနေအထားတွေဟာ အလက်တီကိုအတွက်တော့ ချန်ပီယံမျှော်လင့်ချက်ကို ပိုပြီးအား
ရှိစေခဲ့ပါတယ်။
အလက်တီကိုရဲ့ လက်ကျန်ပွဲတွေကိုကြည့်မယ် ဆိုရင်လည်း အခုဗလင်စီယာနဲ့ပွဲပြီးရင် လီဗန်
တေး၊ မာလာဂါလိုအသင်းတွေနဲ့ ဆက်ပြီးကစား ရမှာဆိုတော့ ဒီပြိုင်ဘက်အသင်းတွေရဲ့ ရပ်တည်
မှု အနေအထားတွေအရ အလက်တီကို အတွက် မခက်ခဲနိုင်တဲ့ပွဲမျိုးတွေလည်းဖြစ်လာ နိုင်ပါတယ်။
ဒါကြောင့် အခုဗလင်စီယာကိုသာ အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အလက်တီကိုအတွက်
တော့ မျှော်လင့်နိုင်စရာ အနေအထားပါ။ ဗလင်စီယာကလည်း တကယ်တမ်းပြန်ကြည့် မယ်ဆိုရင်
ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ အတွက် ရုန်းကန်နေရတယ်လို့ပြောနိုင်ပေမယ့် ရမှတ်အနေအထား
အရတော့ သိပ်မလွယ်တော့ တဲ့အခြေအနေမျိုးဖြစ်နေတယ်။ ဒါကြောင့် ဗလင်စီယာဟာ လတ်တ
လောအချိန်မှာတော့ လာလီဂါဘက်မှာ အမှတ်ရအောင်ရုန်းကန် ဖို့ထက် ဆီမီးဖိုင်နယ်ရောက်နေပြီ
ဖြစ်တဲ့ တစ်နိုင်ငံတည်းမှ ဆီဗီလာနဲ့ ကစားနေရတဲ့ ယူရိုပါလိဂ်မှာပဲ အာရုံတွေပိုစိုက်ထားဖို့များနေပါ
တယ်။
ဗလင်စီယာရဲ့ လတ်တလောရလဒ် ပိုင်း တွေကိုကြည့်မယ်ဆိုရင်လည်း လာလီဂါဘက်မှာ သာမန်
လောက်ပဲ ကစားနေတာကိုတွေ့ရတယ်။ အလက်တီကိုကလည်း ဗလင်စီယာလိုပဲ ချန်ပီယံလိဂ်
ပွဲကစားရဖို့ရှိနေပေမယ့် အခု နောက်ပိုင်းမှာ အလက်တီကိုဟာ ပြိုင်ပွဲနှစ်ခု စလုံးအပေါ် အာရုံမျှ
ထားပြီး အကောင်းဆုံး ကစားပြနေတာတွေ့ရတယ်။ ချန်ပီယံလိဂ်မှာ ရလဒ်တွေ ကောင်းနေသလို
လာလီဂါဘက်မှာ လည်း အမှားအယွင်းနည်းနည်းနဲ့ကစားနေနိုင် တာတွေ့ရတယ်။
အထူးသဖြင့် လာလီဂါဘက်မှာ အစောပိုင်းကလို ဂိုးတွေသွင်းပြီး နိုင်ပွဲ တွေရအောင် ကစားတာမျိုး
ထက် နောက်ပိုင်းပွဲတွေမှာတော့ ဂိုးတစ်ဂိုးလောက်ရရင်တောင် အဲဒီဂိုးကို ပြန်မပေးရဖို့ အဓိကထိန်း
ကစားနေတဲ့ပုံစံမျိုးကိုပဲ ပိုပြီးအားပြုလာတာတွေ့ရတယ်။ ဒါကြောင့်လည်း နောက်ဆုံးကစားထား
တဲ့ ရှစ်ပွဲမှာ အလက်တီကိုခံစစ်ဟာ ပေးဂိုးတစ်ဂိုး သာ ရှိခဲ့တဲ့အထိ ခံစစ်ပိုင်းအကောင်းဆုံး စွမ်းဆောင်
မှုကို ပြထားနိုင်ခဲ့ပါတယ်။
အဲဒီရှစ်ပွဲ စလုံးကိုလည်း အနိုင်ရအောင်ကစားထားနိုင်ခဲ့ လို့ အလက်တီကိုရဲ့ ခြေစွမ်းဟာ တည်ငြိမ်
မှုအပြည့်ရှိနေတယ်လို့လည်း ပြောနိုင်ပါတယ်။ အခုရင်ဆိုင်ရမယ့် ဗလင်စီယာကလည်း ခံစစ်ပိုင်းမှာ
သိပ်စိတ်ချရတဲ့အသင်းမျိုးမဟုတ် ပါဘူး။ နောက်ဆုံးငါးပွဲမှာ ဂိုးမပေးရတဲ့ပွဲဆိုလို့ တစ်ပွဲသာရှိခဲ့ပြီး
ကျန်တဲ့ပွဲတွေမှာတော့ ခံစစ် ကြောင်းက အမြဲလိုလို ဂိုးတွေပေးနေရတယ်။ အထူးသဖြင့် တိုက်စစ်
အားကောင်းတဲ့အသင်း မျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဗလင်စီယာခံစစ်ဟာ လုံးဝထိန်းကစားနိုင်
တာမျိုး မတွေ့ရ ဘူး။ ဒီအချက်ဟာ ဂိုးရအောင် ကစားတတ်တဲ့ အလက်တီကိုကို ထိန်းချုပ်ရာမှာ
အခက်တွေ့ နိုင်မယ့် အချက်ပါပဲ။
အခုဗလင်စီယာနဲ့ပွဲမှာ အလက်တီကို တိုက်စစ်အတွက် ဘယ်ကစား သမားတွေပဲပွဲထွက်လာ
ဗလင်စီယာ ခံစစ်ကြောင်းအတွက် အခက်တွေ့ဖို့ရှိနေတယ်။ နောက်ပြီး အသင်းလိုက်ကစားပုံခြင်း
ယှဉ် လိုက်ရလည်း ဗလင်စီယာဟာ အလက်တီကိုကို မမီနိုင်သေးပါဘူး။ အထူးသဖြင့် အလက်တီ
ကို ရဲ့ ဒီရာသီမှာ အဓိကအကျဆုံးဖြစ်တဲ့ ကွင်းလယ် ပိုင်းကစားပုံကို ဗလင်စီယာအနေနဲ့ ယှဉ်နိုင်ဖို့
လုံးဝမရှိနိုင်ပါဘူး။
ဒါကြောင့် ဗလင်စီယာ အတွက် အိမ်ကွင်းမှာ အလက်တီကိုကို လက်ခံ ကစားရတာ မှန်ပေမယ့်
အလက်တီကိုရဲ့ ကစား နှုန်းအောက်မှာ ရုန်းကန်ရမှာကလည်း သေချာ သလောက်ပါပဲ။ ဒီတော့
ဗလင်စီယာအတွက် မျှော်လင့်နိုင်တာကလည်း တိုက်စစ်ပိုင်းက အလက်တီကိုခံစစ်ကို
ဘယ်လောက်အထိပြန်ပြီး ဖိအားပေး နိုင်မလဲဆိုတဲ့အချက်ပါပဲ။ ဗလင်စီယာတိုက်စစ် ဟာ ဂိုးရအောင်ကစားတတ်တဲ့တိုက်စစ်မျိုး ဖြစ်ပြီး နောက်ဆုံးကစားထားတဲ့ ၁၀ ပွဲမှာလည်း ဂိုးမသွင်းနိုင်
တဲ့ပွဲ နှစ်ပွဲသာပါနေတယ်။ ဒါပေမဲ့ သေချာပြန်ကြည့်မယ်ဆိုရင်တော့ ဗလင်စီယာတိုက်စစ်ဟာ ခံစစ်
ပိုင်းမာကျောတဲ့အသင်း တွေနဲ့တွေ့ရင် ဂိုးရဖို့ ခက်ခဲလေ့ရှိတာကို တွေ့ရ လေ့ရှိလို့ အခုပွဲမှာလည်း
ချန်ပီယံလိဂ်ရှိနေလို့ ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကို အဓိကဦးစားပေး ကစားဖို့ရှိနေတဲ့ အလက်တီကို
ဘက်ကို ဂိုးရနိုင် ဖို့အနေအထားဟာ ခက်ခဲလိမ့်မယ် ထင်ပါ တယ်။
ဒါကြောင့် ဒီပွဲဟာ နှစ်သင်းစလုံး ဥရောပ ပွဲတွေကြားမှာ ကစားရတဲ့ပွဲဖြစ်တာနဲ့အညီ အမှားမရှိ
အောင် ထိန်းကစားသွားကြဖို့က များနေလို့ ဂိုးတွေအများကြီး မျှော်လင့်လို့ မရနိုင်တဲ့ပွဲမျိုး ဖြစ်လာ
နိုင်ပေမယ့် ကစားပုံ ပိုမာကျောမှုရှိတဲ့ အလက်တီကိုကိုတော့ ဗလင် စီယာ ကျော်ဖြတ်နိုင်ဖို့လည်း
လွယ်မှာမဟုတ် ပါဘူး။ အလက်တီကိုနဲ့ ဂိုးအနည်းပဲရွေးထား ရမယ် ထင်ပါတယ်။
အခြားပွဲစဉ်များ
* အယ်လ်ချီ - လီဗန်တေး
* ဂရန်နာဒါ - ရာယို
* ဂီတာဖေး - မာလာဂါ
* ရီးယဲလ် - အိုဆာဆူနာ
ဘက်တစ် - ဆိုစီဒက် *
* အက်စ်ပန်ညို - အယ်လ်မီရီယာ
* ဘီလ်ဘာအို - ဆီဗီလာ
* ဗီလာရီးယဲလ် - ဘာစီလိုနာ
ဆယ်လ်တာ - ဗယ်လာဒိုးလစ် *














