အင်တာမီလန်-နာပိုလီ
ဆမ်ဒိုးရီးယားကွင်းတွင် ၄-၀၊ ပါးမားကွင်းတွင် ၂-၀ ဖြင့် နှစ်ပွဲဆက်တိုက်နိုင်လိုက်သော အင်တာမီလန်သည် ခြေစွမ်းအားဖြင့် ပြန်လည်တိုးတက်လာသည်ကို တွေ့ရသည်။
ထိုနှစ်ပွဲဆက်တိုက်အတွင်း ထွက်ပေါ်လာသော ခြေစွမ်း အရ အင်တာသည် ပန်းဝင်ချိန်၌
ဆက်တိုက် 'ညှစ်' ကစားသွားမည်ဟု သုံးသပ်ရသည်။ လတ်တလောတွင် အင်တာမီလန်သည်
လူထည့်သွင်းပုံ တည်ငြိမ်လာသည်။ ရှေ့တန်း တွင် ၀ါရင့်အာဂျင်တီးနားတိုက်စစ်မှူး ပလာစီယိုနှင့်
အာဂျင်တီးနားလူငယ်ခြေတက် မော်ယိုအိုင် ကာဒီတို့ကို တွဲဖက်ကစားစေရာ အချိန်ကြာလာ
သည်နှင့်အမျှ တည်ငြိမ်မှုရှိလာသည်။
နည်းပြဝေါ်လ်တာမက်ဇာရီသည် ပလာစီယို-အိုင်ကာဒီ အတွဲကို 'တည်'ပြီး ဆက်တိုက်ပွဲထုတ်လာ
ရာ အစော ပိုင်းက အချိတ်အဆက် မမိတစ်ချက်၊ မိတစ်ချက် ဖြစ်နေခြင်းကြောင့် ခြေစွမ်း အတက်
အကျ ဖြစ်ခဲ့သည်။ ပလာစီယိုသည် ဘောလုံးကို အများဆုံး 'ကိုင်' ထားပြီး အိုင်ကာဒီက 'လှုပ်'ရာ
တွင် ချိန်သား ကိုက်မှု နည်းပါးသောပွဲများ၌ အင်တာမီလန် တိုက်စစ်သည် သိသိသာသာ ပုံပျက်
သွားတတ် သည်။
နည်းပြ မက်ဇာရီသည် ပလာစီယို-အိုင် ကာဒီ တိုက်စစ်တွဲကို ပံ့ပိုးပေးရန်အတွက် ကွင်းလယ်ကစား
ကွက် ဖော်ပေးမည့်သူများကို အမျိုးမျိုးထည့်သွင်း စမ်းသပ်ခဲ့သည်။ နောက်ဆုံး နှစ်ပွဲတွင် အင်တာ
မီလန်ကွင်းလယ်၌ ဟာနန်နက်စ်၊ ကိုဗာဆစ်၊ နာဂါမိုတို၊ ကမ်ဘီယာဆိုနှင့် ဒီအမ်ဘရိုစီယိုတို့ ဖြင့်
အထိုင်ချရာတွင် တိုက်စစ် ရော၊ ခံစစ်မှာပါ ချိတ်ဆက်ပံ့ပိုးမှုပိုင်း တိုးတက် ကောင်းမွန်လာသည်။
အင်တာမီလန်တောင်ပံနှစ်ဖက်တွင် တငညါဘခေု များဖြစ်သော နာဂါမိုတိုနှင့် ဒီအမ်ဘရိုစီယိုတို့
သည် တောက်လျှောက် အတက်အဆင်း ကစားပေးလာသောကြောင့် တောင်ပံနှစ်ဖက်တွင် 'ကာ
မိ'သွားပြီး နေရာကွက်လပ်လွတ် နည်းသွားသည်။ ၃-၅-၂ ကစားကွက်အရ ကွင်းလယ်တွင် ကစား
သမားငါးယောက် ထည့် သွင်းကစားသော အင်တာမီလန်သည် အချိတ်အဆက်မိပါက ကစား
ကွက်နှင့် ဘောလုံး ပိုင်ဆိုင်မှု အသာစီးရတတ်သည်။ တစ်ဖန် အင်တာမီလန်ကွင်းလယ်သည်
ခံစစ်ကြောင်း ကို အကာအကွယ်ပေးမှု တိုးတက်လာခြင်း ကြောင့် နောက်တန်းလုံခြံုကျစ်လျစ်
လာသည်။
တစ်ဖက်တွင် နာပိုလီသည် တိုက်စစ်အား ပြန်လည်ကောင်းမွန်လာခြင်းနှင့်အတူ နိုင်ပွဲများပြား
လာသော်လည်း ပွဲကျပ်များဖြင့် ရင်ဆိုင် ရသောအခါတွင် ထင်ထားသလောက် ခြေစွမ်း တည်ငြိမ်
မှုမရှိသေးတာကို တွေ့ရသည်။ မတ်လ ထဲတွင် စီးရီးအေငါးပွဲကစားခဲ့ရာ၌ ဖီအိုရင် တီးနားကို
မထင်မှတ်ဘဲ ရှုံးခဲ့သောပွဲမှလွဲပြီး ကျန်လေးပွဲတွင် ရိုးမား၊ တိုရီနို၊ ဂျူဗင်တပ်နှင့် ကာတာနီးယားတို့
ကို နိုင်ခဲ့သည်။
အထူးသဖြင့် ထိပ်ဆုံးနှစ်သင်းဖြစ်သော ဂျူဗင်တပ်နှင့် ရိုးမားတို့ကို နိုင်ခဲ့သောကြောင့် နာပိုလီသည်
ခြေစွမ်း ထက်မြက်ပြီး တောင်ပံတိုက်စစ်ကောင်းမွန် သည်ဟု သုံးသပ်ခဲ့ကြသည်။ သို့ရာတွင် ဧပြီ
လထဲသို့ ရောက်လာသော အခါ နာပိုလီခြေစွမ်းသည် တည်ငြိမ်မှု နည်းပါး သွားပြီး အကျဘက်သို့
ရောက်လာသည်။
ဧပြီလဆန်းတွင် နာပိုလီသည် ပါးမားကို ၁-၀ ဖြင့် အရေးနိမ့်ပြီးနောက် လာဇီယိုကို ၄-၂ ဖြင့် နိုင်
သည်။ ပြီးခဲ့သော ပွဲစဉ်တွင် ယူဒီးနိစ်နှင့် ၁-၁ သရေကျခဲ့သောကြောင့် မတ်လတုန်းက ခြေစွမ်း၏
အောက်ဘက်သို့ ရောက်လာသည်။ တစ်ဖန် နာပိုလီ ဂိုးသွင်းအား အတက်အကျ သည် အဓိက
တိုက်စစ်မှူး ဟီဂူအင် ခြေစွမ်းပြနိုင် ခြင်း ရှိ၊ မရှိပေါ်တွင် အများဆုံး မှီခိုနေသည်။
ဟီဂူအင် ဂိုးသွင်းခြေပျက်နေသည့်ပွဲများ သို့တည်းမဟုတ် ဂိုးသွင်းခွင့်များ ဖန်တီးပေးခြင်း မရှိသော
ပွဲများတွင် နာပိုလီတိုက်စစ်သည် ပုံပျက်သွားတတ်သည်ကို တွေ့ရသည်။ တစ်ဖန် နာပိုလီနောက်
တန်းတွင် လူငယ်လူသစ်များကို ထည့်သွင်းလာခြင်းကြောင့် ကစားအား၊ ပြေးအားများ တိုးတက်
ကောင်းမွန် လာသော်လည်း သမ္ဘာဖြင့် ပွဲကို 'ထိန်း'ထားခြင်း၊ တို့တွင် ကျဆင်းသွားသည်။
ခြံုကြည့်လျှင် အင်တာမီလန်သည် ဧပြီလထဲ တွင် ခြေစွမ်းတက်လာပြီး 'ရစ်သမ်'မိနေပြီး ကွင်းလယ်
ပံ့ပိုးမှု ကောင်းမွန်လာသည်။ တစ်ဖက် တွင် နာပိုလီသည် ဧပြီလထဲတွင် ခြေစွမ်းရော၊ တည်ငြိမ်မှုပါ
ပြန်လည်ကျဆင်းလာပြီး ခံစစ် ကြောင်းတွင် အားနည်ချက်များ ရှိလာသည်။
သို့ကလိုကြောင့် အင်တာမီလန်ကို ပိုကြိုက်ပြီး ဂိုးများသောပွဲ ဖြစ်လာနိုင်သည်။














