ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပမည်

ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့်(၉)ကြိမ် မြောက် အရှေ့တောင်အာရှ လူငယ်ပြေးခုန်ပစ်
ပြိုင်ပွဲကိုလာမည့် ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက် နေ့များတွင်နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား
ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံအနေဖြင့် အားကစားသမား အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂၄ ဦး
စုစုပေါင်း ၄၈ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

"ကျွန်တော်တို့ကစားသမားတွေကနိုင်ငံ တကာပြိုင်ပွဲအတွေ့အကြံုနည်းပါးတဲ့ လူငယ် ကစားသမား
လေးတွေပါ။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိဖို့ထက် လူငယ်ကစားသမားတွေ အတွေ့အကြံုရဖို့
ဦးစားပေးသွားမှာပါ"ဟု မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် တွဲဖက်အတွင်း ရေးမှူးဦးထွန်းမြင့်က ပြော
သည်။



ဖတ်ရှုမှုအများဆုံး