ဒီတစ်ပတ် အေစီကိုမေ့လိုက် အီတလီစီးရီးအေပွဲစဉ်(၃၅)

ဒီတစ်ပတ် အေစီကိုမေ့လိုက် အီတလီစီးရီးအေပွဲစဉ်(၃၅)

အတ္တလန္တာ-ဂျီနိုအာ
သုံးပွဲဆက်တိုက်ရှုံးနေတဲ့ အတ္တလန္တာခြေစွမ်းက ပန်းဝင်ချိန်မှာ အကျဘက် 'ယိုင်' နေတဲ့သဘော
ကို ပြနေတယ်။ အထူးသဖြင့် အတ္တလန္တာနောက်တန်း ခံစစ်တည်ငြိမ်မှုကျဆင်းသွားပြီး သုံးပွဲမှာ
ခုနစ်ဂိုးသွင်းခံလိုက်ရတယ်။ တစ်ဖက်မှာ ဂျီနိုအာကလည်း လေးပွဲဆက်တိုက်ရှုံးပြီး ခြေစွမ်းကျဆင်း
နေတယ်။ ဒါပေမဲ့ ဂျီနိုအာမှာ သမ္ဘာရှိသူတွေ ပါ၀င်နေပြီး ဂိုးသွင်းအားရှိလို့ အခုပွဲမှာ ဂျီနိုအာ ဘက်
က အရဲစွန့်သင့်တယ်။

ဘိုလော့နာ-ဖီအိုရင်တီးနား
ခြေစွမ်းကတော့ အားရစရာ မရှိပေမယ့် တန်းဆင်းဇုန်နားကပ်နေလို့ ဘိုလော့နာတို့ ရှိသမျှအစွမ်း
အစ ဖျစ်ညှစ်ထုတ်ကစားမယ်လို့ ယူဆရတယ်။ အိမ်ရှင်အားသာချက်နဲ့ ဖောင်ဖျက်ကစားရတော့
မယ့် အနေအထားတွေကို ထည့်တွက်လိုက်ရင် ဘိုလော့နာကစားအားနဲ့ စိတ်ဓာတ်ပိုင်း မြင့်တက်
လာဖွယ်ရှိတယ်။ ဖီအိုရင်တီးနားရဲ့ တိုက်စစ်နဲ့ဂိုးသွင်းအားကို လျှော့မတွက်ရဲပေမယ့် ပုံမှန်အတိုင်း
ဆိုရင် ဘိုလော့နာကိုပဲ ရွေးချယ်သင့်တယ်။

ကက်ဂလီယာရီ-ပါးမား
ဆော့စူလိုကွင်းမှာ ၁-၁ သရေကျပြီး ဂျီနိုအာကွင်းမှာ ၂-၁နဲ့နိုင်လိုက်တဲ့ ကက်ဂလီယာရီခြေစွမ်း
ပြန်ပြီးဦးမော့လာဖွယ်ရှိသည်။ ပါးမားကတော့ လတ်တလော နောက်တန်း'ပေါက်'ရုံတင်မက
အသင်းလိုက် ကစားကွက်ပျက်နေတယ်။ ကက်ဂလီယာရီကို ပိုကြိုက်တယ်။

လီဗော်နို-လာဇီယို
တန်းဆင်းလက်မှတ်ရထားတဲ့ လီဗော်နိုခြေစွမ်းက တောက်လျှောက်စိုက်ဆင်းနေတယ်။ လာဇီယို
လည်း ပွဲကျပ်တွေကစားနေရလို့ နိုင်ပွဲကျဲသွားပေမယ့် ဂိုးသွင်းအားကတော့ မကျဘူး။ လာဇီယိုကို
ရွေးချယ်သင့်တယ်။

ရိုးမား-အေစီမီလန်
နှစ်သင်းစလုံးကို ခြေစွမ်းထက်မြက်ပြီး ဆက်တိုက်နိုင်ပွဲဆက်နေကြတယ်။ ဒါပေမဲ့ ကစားကွက်နဲ့
ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ ရိုးမားက တစ်ပန်းသာပြီး အိမ်ရှင်အားသာချက်ကိုပါ ထည့်တွက် လိုက်
ရင် ရိုးမားကိုပဲ ရွေးချယ်သင့်တယ်။

ဆမ်ဒိုးရီးယား-ချီယေဗို
လတ်တလော ဆမ်ဒိုးရီးယားခြေစွမ်းကအကျဘက်ကို ရောက်နေတယ်။ ချီယေဗိုခြေစွမ်း ကလည်း
အတက်အကျများလို့ ခန့်မှန်းရခက်ပေမယ့် ဂိုးသွင်းအားတော့ရှိတယ်။လီဗော်နိုကို ၄-၂၊ ဘိုလော့
နာကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲတွေမှာ ချီယေဗိုတိုက်စစ်က အချိတ်အဆက်မိရင် ကြောက်ဖို့ ကောင်းတာ
ပေါ်လွင်နေတယ်။ ဒါကြောင့် ချီယေဗိုဘက်က အရဲစွန့်သင့်တယ်။

ဆက်စူလို-ဂျူဗင်တပ်
တန်းမဆင်းရဖို့အတွက် ဖျစ်ညှစ်ကစားလာတဲ့ ဆက်စူလိုခြေစွမ်းက သိသိသာသာ တိုးတက်လာ
တယ်။ ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်မှာ ကက်ဂလီယာရီကို ၁-၁ သရေကျပြီး ချီယေဗိုကို ၁-၀၊ အတ္တ
လန္တာ ကို ၂-၀ နဲ့ နိုင်ထားလို့ စိတ်ဓာတ်တက်ကြွနေတယ်။ ဂျူဗင်တပ်ကတော့ တစ်ဦးချင်းရော၊
အသင်း လိုက်သာမက နည်းစနစ်ပိုင်းသာ တစ်ပန်းသာပေမယ့် စီးရီးအေမှာ ပုံမှန်ခြေစွမ်းကို
ထိန်းနိုင်ဖို့ လောက်ပဲ အာရုံစိုက်နေတယ်။ ဒါကြောင့် ဆက်စူလိုဘက်က အရဲစွန့်သင့်တယ်။

တိုရီနီု-ယူဒီးနိစ်
တိုရီနိုခြေစွမ်းက တောက်လျှောက်တက်လာတယ်။ အထူးသဖြင့် တိုက်စစ်မှူးလေး အင်မိုဘီလီ
ခြေစွာနေပြီး ဆက်တိုက်ဂိုးမြူးနေလို့ တိုရီနိုဂိုးသွင်းအားကောင်းလာတယ်။ ယူဒီးနိစ်ကတော့
ဂိုးသွင်းအားရှိပေမယ့် ခြေစွမ်းမငြိမ်သလို နောက်တန်း မလုံခြံုဘူး။ ဒါကြောင့် အိမ်ရှင်အားသာချက်
ရှိတဲ့ တိုရီနိုနိုင်ခြေများတယ်။

ဗီရိုနာ-ကာတာနီးယား
နိုင်ပွဲတွေ စိပ်လာခြင်းနဲ့အတူ ဗီရိုနာခြေစွမ်းကအတက်ဘက်မှာရှိနေတယ်။ ကာတာနီးယား
ကတော့ တန်းဆင်းလက်မှတ်ရသွားပြီဖြစ်လို့ စိတ်ဓာတ်နဲ့ကစားအားမှာ ပုံမှန်အောက်ဘက်
ရောက်နေတယ်။ ဗီရိုနာတို့ နိုင်ပွဲဆက်ဦးမှာပါ။



ဖတ်ရှုမှုအများဆုံး