မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

ဗီယက်နမ်နိုင်ငံတွင်လာမည့် မေလအတွင်းကျင်းပပြုလုပ်မည့် ၂၀၁၄ခုနှစ်အာရှဖလားအမျိုးသမီး
ချန်ပီယံ ရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသော မြန်မာ့လက်ရွေးစင်အမျိုး
သမီးသည် မေလ ၅ရက်နေ့အထိ တရုတ်နိုင်ငံတွင် လေ့ကျင့်နိုင်ရန် ဧပြီလ ၂၇ရက်နေ့တွင်
မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ဂျပန်လူမျိုးနည်းပြကုမာဒါက တာဝန်ယူကိုင်တွယ်
လျက်ရှိပြီး ကစားသမား (၂၆)ဦးနှင့်အတူ တရုတ်နိုင်ငံသို့ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအ သင်းသည်တရုတ်နိုင်ငံတွင် သွားရောက်နေထိုင်လေ့ကျင့်နေ
စဉ်ကာလအတွင်း တရုတ်အမျိုးသမီးကလပ်အသင်းများ၊လူငယ်အသင်းများနှင့်ခြေစမ်းပွဲများ
ယှဉ်ပြိုင်ကစားသွားမည်ဖြစ် သည်။မြန်မာအမျိုးသမီးအသင်း သည် ၂၀၁၄ခုနှစ်အာရှဖလား
အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် တရုတ်၊တောင်ကိုရီးယား၊ထိုင်းအသင်းများနှင့်
အတူ ကျရောက်လျက်ရှိပြီး အုပ်စုတတိယ ရသည်နှင့် အုပ်စု(က)မှ တတိယနေရာရသော
အ သင်းနှင့်၂၀၁၅အမျိုးသမီးကမ္ဘာ့ဖလား ၀င်ခွင့်အဆုံးအဖြတ်ပွဲစဉ် ထပ်မံကစားရမည်ဖြစ်
သည်။အုပ်စု(က) တွင် အိမ်ရှင်ဗီယက်နမ်၊ဂျပန်၊ဂျော်ဒန်၊ဩစတြေးလျ အသင်းများပါ၀င်သည်။



ဖတ်ရှုမှုအများဆုံး