အဲဗာတန်ကို အဝေးကွင်းမှာရှုံး၊ အိမ်ကွင်းမှာ အနိုင်သုံးမှတ်၊ လီဗာပူးကို အိမ်ကွင်း၊ အဝေး ကွင်း
နှစ်ကျော့စလုံးအနိုင် ခြောက်မှတ်၊ အဓိကပြိုင်ဘက်ခြောက်သင်းနဲ့ ၁၂ ပွဲကစား ထားအပြီးမှာ
ရမှတ် ၂၇ မှတ်ရယူထားနိုင်တယ် ဆိုတာ အရမ်းကိုအောင်မြင်လွန်းတဲ့ အမှတ် ရယူထားနိုင်မှုပဲ
ဖြစ်ပါတယ်။ ၁၂ ပွဲမှာ တစ်ပွဲပဲ ရှုံးထားတာပါ။
ဒီလိုအမှတ်ရယူထား နိုင်မှုဟာ ချန်ပီယံဖြစ်နိုင်တဲ့ ရယူထားနိုင်မှုပဲ ဖြစ်ပါတယ်။ အဓိကအသင်း
ကြီးတွေကို အဝေး ကွင်းမှာ အမှတ်မဆုံးရှုံးဖို့၊ အိမ်ကွင်းရောက်ရင် အမှတ်အပြည့်ရယူနိုင်ဖို့ဆိုတဲ့
မော်ရင်ညိုရဲ့ မဟာဗျူဟာပိုင်းဟာ ရာနှုန်းပြည့် မှန်ကန်ခဲ့တာ ပဲ ဖြစ်ပါတယ်။ မန်စီးတီး၊ မန်ယူ၊
အာဆင်နယ်၊ လီဗာပူး၊ စပါး၊ အဲဗာတန်တို့ ကို အိမ်ကွင်းမှာ သွင်းဂိုး ၁၈ ဂိုး သွင်းခဲ့ပြီး ပေးဂိုး
သုံးဂိုးသာရှိကာ ၁၈ မှတ်အပြည့် ယူနိုင်ခဲ့တဲ့ အားဟာ မော်ရင်ညိုရဲ့ မဟာဗျူဟာကောင်း ခဲ့
တာကြောင့်သာပဲဖြစ်ပါတယ်။
အခုတော့ ပြိုင်ပွဲပြီးဖို့ နှစ်ပွဲသာကျန်တော့တဲ့အချိန်မှာ တော့ မော်ရင်ညိုရဲ့ အကောင်းစားမဟာ
ဗျူဟာ ကြီးဟာ အလကားဖြစ်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ရတာကတော့ ရင်နာစရာပဲ
ဖြစ်ပါ တယ်။
ကိုယ့်ရဲ့ အဓိကပြိုင်ဘက်တွေကို အလဲ ထိုးနိုင်ပါလျက်နဲ့ ချန်ပီယံမဖြစ်ခဲ့တာလောက် နစ်နာတာ
ဘာရှိဦးတော့မှာလဲ။ ဒါပေမဲ့ မော်ရင်ညိုဟာ အခုထိ သူ့ကိုယ်သူဝန်ခံခြင်း တော့ မရှိသေးပါဘူး။
မော်ရင်ညို ဘာမှားသွားလဲကြည့်လိုက်တော့ ပိုပြီးတောင်ရင်နာဖို့ကောင်းလိုက်တာကို တွေ့ရမှာ
ပဲဖြစ်ပါတယ်။
လက်ရှိ ၃၆ ပွဲကစားအပြီးမှာ ချယ်လ်ဆီးဟာ ခြောက်ပွဲရှုံးထား ခဲ့ပြီဖြစ်ပါတယ်။ ဒီအထဲမှာ ရှုံးသင့်
တဲ့ပွဲဆိုလို့ အဲဗာတန်တစ်ပွဲသာရှိခဲ့ပြီး ကျန်တဲ့ပွဲတွေဟာ ချယ်လ်ဆီးအဆင့်နဲ့ မရှုံးသင့်တဲ့ပွဲတွေပဲ
ဖြစ်ပါတယ်။
နယူးကာဆယ်၊ စတုတ်၊ ဗီလာ၊ ခရစ္စတယ်ပဲ လေ့စ်၊ ဆန်းဒါး လန်းတို့ကိုချယ်လ် ဆီးအနေ နဲ့
မရှုံးသင့် ခဲ့တဲ့ပွဲတွေပဲ၊ဖြစ်ပါ တယ်။ ဒီ အထဲမှာ နယူးကာ ဆယ်ကို ထပ်ဖယ် လိုက်ရင် ကျန် တဲ့
ပွဲတွေဟာ မော်ရင် ညို နည်းဗျူဟာအမှား တွေကြောင့် မရှုံး သင့်ပဲ ရှုံးခဲ့ ရတဲ့ပွဲပါ။ ကိုယ့်ရဲ့အဓိက
ပြိုင်ဘက်တွေကို အဝေးကွင်းတွေမှာ အမှတ်ရအောင်ယူနိုင်ခဲ့ပြီး ဒီလိုအသင်းလေးတွေကို ရှုံးတာ
ဟာ မဖြစ်သင့် တဲ့အမှားတွေပဲ ဖြစ်ပါတယ်။
အဓိက နစ်နာတဲ့ ပွဲတွေက ဗီလာကိုရှုံးတဲ့ပွဲ၊ ခရစ္စတယ်ကိုရှုံးတဲ့ပွဲ၊ ပြီးရင် ဆန်းဒါးလန်းကိုရှုံးတဲ့ပွဲ
ဒီသုံးပွဲရှုံးတာဟာချယ်လ်ဆီးအတွက် အရမ်းကို နစ်နာလွန်းတဲ့ ပွဲတွေပါ။ ချယ်လ်ဆီးအနေနဲ့
မရှုံးသင့်တဲ့ပွဲ ဖြစ်ပါတယ်။ ဒီသုံးပွဲမှာသာ မော်ရင်ညိုရဲ့ နည်းဗျူဟာတွေ မမှားယွင်းခဲ့ဘူးဆိုရင်
အခုအချိန်မှာ ချယ်လ်ဆီးဟာ ချန်ပီယံဖြစ်ဖို့ တာစူ နေတော့မှာ ဖြစ်ပါတယ်။ ဟာဇက်ကို အဓိက
တည်ထားခဲ့ခြင်းဟာလည်း မော်ရင်ညိုအတွက် မှားယွင်းမှုတစ်ခု ဖြစ်ပါတယ်။
တကယ်တမ်းမှာ ချယ်လ်ဆီးကို ကြည့်လိုက်ရင် ကစားသမားအများစုဟာ လူငယ် တွေနဲ့ အသစ်
တည်ဆောက်ထားတာပါ။ ဟာဇက် မကစားနိုင်ရင်လည်း ကျန်တဲ့ကစားသမားတွေဟာ
အကောင်းဆုံးကစားနိုင်ကြရ မှာပဲ ဖြစ်ပါတယ်။ အခုဆန်းဒါးလန်းကို ရှုံးနိမ့် သွားခြင်းမှာ ဟာဇက်
မပါလို့ ဖြစ်ရတာလို့ ပြောစရာဖြစ်သွားခဲ့ပါတယ်။ ဆန်းဒါးလန်း ခံစစ်ကောင်းခဲ့သလို ဂိုးသမား
ကောင်းခဲ့တာ တွေလည်း ရှိခဲ့ပေမယ့် ချယ်လ်ဆီးတိုက်စစ်က ပျာယာခတ် အဆုံးသတ်ညံ့တာ
တွေကိုလည်း ထည့်သွင်းသုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
ဆန်းဒါး လန်းက သုံးကြိမ်သာ ဂိုးပေါက်ကို ခြိမ်းခြောက် ပြီး အနိုင်ရသွားတာက ကံကိုယိုးမယ်ဖွဲ့
ရမှာ လား။ အဓိကအချက်ကတော့ ချယ်လ်ဆီး တိုက်စစ် အဆုံးသတ်အားနည်းတာကို အပြစ်ဖို့
ရမှာပဲဖြစ်ပါတယ်။ တကယ်လို့သာ ဒီနှစ်ပွဲကို နိုင်လိုက်မယ်ဆိုရင် ထိပ်ဆုံးမှာ ချယ်လ်ဆီး ရှိနေမှာ
ဖြစ်သလို မော်ရင်ညိုလည်း ဒိုင်တွေကို ရိစရာမလိုတော့ပါဘူး။ အခုတော့ ရှယ်ဝမ်းတစ်ယောက်
လာခြင်း ကောင်းသော တစ်ကျော့ပြန်ခရီးဖြစ်ဖို့ မကောင်း တော့ပါဘူး။ မဟာဗျူဟာချသူဟာ
ကောင်းနေ ပေမယ့် အသုံးချနည်းဗျူဟာပိုင်းမှာ အားနည်း ရင်တော့ အောင်မြင်မှုမရနိုင်ဘူးဆိုတာ
မော်ရင်ညိုရဲ့ အဖြစ်အပျက်က နမူနာဖြစ်လာ ပါရဲ့...။















