အာရှပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော (၉)ကြိမ်
မြောက် အရှေ့တောင်အာရှ လူငယ် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ ရက်နေ့များ
တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာလူငယ် ပြေးခုန် ပစ်အဖွဲ့မှ
ရွှေတံဆိပ် ၁၁ ခု ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါ အရှေ့တောင်အာရှ လူငယ်ပြေးခုန် ပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် ပထမ
ဦးဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ် သည်။ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံ အပါ အဝင် ထိုင်း၊
စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို အစရှိသောပြိုင်ပွဲဝင် ခုနစ် နိုင်ငံမှ အသက်
၁၆ နှစ်အောက်လူငယ်ပြေးခုန်ပစ် အားကစားသမား ၂၀၂ ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
အိမ်ရှင်မြန်မာနိုင်ငံက အမျိုးသမား ၂၄ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၄၈ ဦးဖြင့် ၀င်ရောက်
ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲအမျိုးအစား ၄၁ မျိုးကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး ရွှေ တံဆိပ် ၄၁ ခု၊
ငွေတံဆိပ် ၄၂ ခု၊ ကြေးတံဆိပ် ၄၈ ခုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို အရှေ့တောင်အာရှ ဒေသ တွင်း ပြေးခုန်ပစ် အားကစားနည်း ဖွံ့ဖြိုး တိုးတက်
စေရန်၊ အရှေ့တောင်အာရှဒေသတွင်း လူငယ်ပြေးခုန်ပစ် အားကစားသမားများ အတွက် နိုင်ငံ
တကာပြိုင်ပွဲ အတွေ့အကြံုရရှိ စေရန်၊ မြန်မာနိုင်ငံက လူငယ်ပြေးခုန်ပစ် အားကစားသမားများ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြံုရရှိစေရန် နှင့် မြန်မာ့ပြေးခုန်ပစ်အားကစား
ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ်ခြောက်ခုဖြင့် နိုင်ငံ
အလိုက်အဆင့် သတ်မှတ်ချက်တွင် ပထမ၊ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၃ ခု၊
ကြေးတံဆိပ် ၂၀ ဖြင့် ဒုတိယ၊ ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ်
လေးခုဖြင့် တတိယ၊ မလေးရှားနိုင်ငံက ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်သုံးခုဖြင့်
စတုတ္ထ၊ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ်လေးခုဖြင့် ပ ဉ္စမ၊
စင်ကာပူနိုင်ငံက ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု
တွင် ဆဋ္ဌမနှင့် လာအိုနိုင်ငံက ဆုတံဆိပ်မရရှိခဲ့ဘဲ နိုင်ငံအလိုက် အဆင့်ရပ်တည်မှုတွင်
သတ္တမရရှိခဲ့သည်။















